အမှန်အတိုင်းပြောရလျှင် ယို့လျှန်ရှင်း၏တည်ရှိမှုကြောင့် Aတက္ကသိုလ်၏ ယောက်ျားသားထုကြီးမှာ အလွန်အမင်းကိုပင် ကျပ်တည်းသည့်အခြေနေတစ်ခုမှာ ကျရောက်နေလေသည်။
တက္ကသိုလ်မတက်ရောက်မီတွင် ဆယ်ကျော်သက်တိုင်း၏ စိတ်ထဲမှာ ဤသို့သော အတွေးများ ရှိနေလိမ့်မည်။ နာမည်ကြီးတက္ကသိုလ်မှာ ဝင်ခွင့်ရပြီးသည့်နောက် တက္ကသိုလ်ကျောင်းသားဘဝအတွေ့ကြုံကို ဖြူဖြူစင်စင်နှင့် မျှော်လင့်နေလိမ့်မည်။ ကျောင်းမှာ နာမည်ကြီးပြီး လူကြိုက်များဖို့လည်း အိပ်မက်တွေ မက်ကောင်း မက်နိုင်လေသည်။ သို့သော်ငြား မိမိလုပ်ချင်ရာ လုပ်ခွင့်ရသည့်အချိန်၊ အချစ်ကို လွတ်လွတ်လပ်လပ် ရှာဖွေခွင့်ရတော့မည့်အချိန်ရောက်ခါမှ Aတက္ကသိုလ်တွင် ယို့လျှန်ရှင်း ရှိနေမည်ကို မည်သူက တွေးမိပါလိမ့်မည်နည်း။
ယျေဘုယျအားဖြင့် ဌာနတစ်ခု သို့မဟုတ် အတန်းတစ်တန်းတွင် ရုပ်ချောသော ယောက်ျားလေးအချို့ရှိနေမည်မှာ ပုံမှန်ပါပင်။ ထိုအချက်က မိန်းကလေးတွေအတွက် ပျော်စရာပင် ဖြစ်ပြီး ယောက်ျားလေးများအတွက်တော့ စိတ်ရှုပ်ရလေသည်။ သို့သော် အကျိုးသက်ရောက်မှုမှာ ဤမျှသာပင်။
သို့ရာတွင် ယို့လျှန်ရှင်းဟူသော လူသားသည်ကား ချောရုံတင် မကချေ။ သူက သောက်ရမ်းသောက်ရမ်းသောက်ရမ်း ချောမောနေခြင်းဖြစ်သည်။
သူ၏ ချောမောမှုမှာ အရိုးရှင်းဆုံးဆိုရလျှင် ဝတ္ထုတစ်ပုဒ်ကို ဥပမာထားပါက သူသာလျှင် အဓိက ဇာတ်လိုက်မှန်း တန်းသိနိုင်သည့် ချောမောမှုမျိုးဖြစ်သည်။
တက္ကသိုလ်ဝင်စတွင်တော့ မနာလိုစိတ်နှင့် တိုက်ခိုက်မှုများရှိသည်။ သို့ရာတွင် ယို့လျှန်ရှင်းကားအထက်တန်းတွင် တစ်နိုင်ငံလုံး ပထမအဆင့်နှင့် အောင်မြင်ခဲ့သူဖြစ်ပြီး တက္ကသိုလ်ချစ်ကြည်ရေးအားကစားပွဲတွင်လည်း ၃km အပြေးပြိုင်ပွဲအတွက် ပထမဆုကို ရယူခဲ့လေသည်။ တက္ကသိုလ်ဒုတိယနှစ်တွင် ကျောင်းသမဂ္ဂ၏ ဥက္ကဌ ဖြစ်လာပြီး ကျောင်း၏ကိစ္စအဝဝတွင် လစ်ဟင်းမှုမရှိအောင် စီမံဆောင်ရွက်နိုင်ခဲ့သည်။
YOU ARE READING
ဂိမ်းနတ်ဘုရားရဲ့မူပိုင်ထောက်ပံ့ရေးကစားသမား ( Later, he became a royal healer)
Teen FictionI don't own the story, this translation is for reading purpose only.