" ငါခဏနေရောက်မယ်။ တကယ်ပြောနေတာ။ အိပ်ရာထနောက်မကျပါဘူးဟ။ ရောက်တောင်နေပြီ အောက်မှာ "
လျောင်စူးက ကျောင်းသားသမဂ္ဂအဆောက်ဦးထဲ ဝင်သွားသောအခါ ပထမထပ်က လုံခြုံရေးဦးလေးကြီးက ပြုံးပြကာ နှုတ်ဆက်သည်။ အလျင်အမြန်ပဲ ပြန်၍ ပြုံးပြနှုတ်ဆက်ကာ ဖုန်းဆက်ပြောလိုက်သည်။
"ဆရာတွေရောက်နေပြီလား။ မင်းတို့ အဲ့မှာ ခုံတွေအရင် နေရာချထားလိုက်။ ဟမ်? ခုံမရှိတော့ဘူး? "
သူ့ရဲ့လမ်းလျှောက်နှုန်းက စိုးရိမ်စိတ်ကြောင့် ပို၍ မြန်ဆန်လာသည်။ စိတ်မှာတော့ မြင်ရသည်ထက် ပို၍စိုးရိမ်နေပါသည်။ လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း လျောင်စူးက ကျောင်းသားသမဂ္ဂအစည်းအဝေးကို ကြုံခဲ့ရသည်မှာ မည်မျှရှိပြီဆိုတာပင် မမှတ်မိတော့ပေ။ ထို့ကြောင့် အစည်းအဝေးအခြေအနေကို သူအသိဆုံးဖြစ်သည်။ အစည်းအဝေးတက်သူကား နည်းဖို့သာရှိ၍ များဖို့မရှိပေ။
ဖုန်းထဲရှိလူ၏ အသံမှ စိတ်ဖိအားက လျော့မနေချေ။ သို့သော် လျောင်စူးကတေယ့ သူအမြန်ရောက်စေရန် အပိုပြောနေသည်ဟုသာ မြင်နေလေ၏။ မမျှော်လင့်ထားသည်မှာတော့ အခန်းထဲဝင်လိုက်သောအခါ မြင်လိုက်ရသည်ဘ လူအုပ်ကြီး ပင်ဖြစ်၏။ အခန်းပြင်လျှောက်လမ်းအထိတောင်မှ လူအပြည့်နှင့် ဆူညံနေလေသည်။
လျောင်စူးက ခဏတော့ ကြောင်ငေးသွားမိတယ်။
"ဘာတွေဖြစ်နေတာလဲ။ ဘာလို့ လူဒီလောက်များတာလဲ။ "
လျောင်စူးနှင့် ဖုန်းစကားပြောနေသော သူက ထွက်လာပြီး ရှင်းပြသည်။ ထိုလူက အကူညီမဲ့စွာ ပုခုံးတွန့်ကာ " သူတို့က အစည်းဝေးလာတက်ကြတာလေ " ဟုပြောလေသည်။
လျောင်စူးက ထိုရှင်းပြချက်ကို မယုံကြည်နိုင်ပေ။ သူတို့အကုန်လုံးက အပျော်မက်တဲ့ တက္ကသိုလ်ကျောင်းသားတွေလေ။ ဘယ်သူက အစည်းအဝေးတက်ရတာ ကြိုက်မှာလဲ။
ယနေ့က စာသင်နှစ်ဝက်၏ နောက်ဆုံးသော သမဂ္ဂအစည်းဝေး ဖြစ်ပြီး ဆရာတွေ အများအပြားတက်ရောက်လိမ့်မည်။ အသေးဖွဲမှစ၍ တရားဝင်တင်ပြချက်များအထိ ဆွေးနွေးရလိမ့်မည်။ အကုန်လုံးပြီးဝဲ့ အထိဆိုလျှင် တနေ့လည်ခင်းလုံးကုန်မည်ဟု ခန့်မှန်းထားပြီးသားဖြစ်၏။
YOU ARE READING
ဂိမ်းနတ်ဘုရားရဲ့မူပိုင်ထောက်ပံ့ရေးကစားသမား ( Later, he became a royal healer)
Ficção AdolescenteI don't own the story, this translation is for reading purpose only.