Uni,
You Are My Happiness (Part 29)
ဇိုင်းမြတ်မဟာမောင် သူ့အိမ်သူပြန်ရောက်သည့်အချိန်တွင် သတင်းတစ်ခုကလည်းစောင့်ကြိုနေသည်။ ထိုသတင်းကတော့ သူ့ညီမလေးရဲ့အမေအရင်းပြန်ပေါ်လာတာဖြစ်သည်။
သူ့ရဲ့လက်ရှိညီမလေးသည် သူ့မိခင်ကမွေးထားတာမဟုတ်ခဲ့ပေ။ သူ့အဖေရဲ့ ညီမဖြစ်သည့် သူ့အဒေါ်ကမွေးပြီး ထားသွားခဲ့တာဖြစ်သည်။
" အဲ့ဒါဆို ဒေါ်လေးကအခုညီမလေးကိုပြန်ခေါ်မယ်ပြောချင်တာလား။ "
" အင်း ခေါ်ခွင့်ရမယ်ဆို ခေါ်ချင်တယ်တဲ့။အခုမင်းရဲ့အဒေါ်ကအဆင်ပြေနေပြီ မန္တလေးမှာ ရွှေဆိုင် လက်၀တ်ရတနာဆိုင်ဖွင့်ထားတယ်တဲ့။အခုနောက်ယောက်ျားနဲ့လည်း ကလေးတစ်ယောက်မွေးထားပေမဲ့ သူ့ယောက်ျားကဒီသမီးလေးကိုလည်း ပြန်ေခါ်ချင်ခေါ်ခွင့်ပြုတယ်ပြောတယ် "
သူ့အဖေကပြောပြလာတော့ ဇိုင်းမှာ၀မ်းပဲနည်းရမလို သူ့ညီမအစားပဲပျော်ပေးရမလိုဖြစ်သွားသည်။" ညီမလေးကရော သိပြီးပြီလား။သူကရောဘာပြောလဲ သူ့အမေဆီလိုက်သွားချင်တယ်တဲ့လား။"
" သူကတော့ လိုက်မယ်မပြောသေးဘူး။ ငယ်ငယ်လေးထဲကကွဲနေတာဆိုတော့ အခုနည်းနည်းစိမ်းနေသေးတယ်ထင်တယ်။ သူ့အနာဂတ်လေးကောင်းဖို့ သူ့အမေနဲ့လိုက်သွားရင်တော့ပိုကောင်းတာပေါ့ ငါ့သားလည်း၀န်မပိတော့ဘူး။"
" ကျွန်တော်ကဘာကို၀န်ပိရမှာလဲ အဖေရာ။ကျွန်တော့်ညီမကျွန်တော် ကောင်းကောင်းမွန်မွန်ထားနိုင်တယ်။သူသာမလိုက်ချင်ရင်
အတင်းမလွှတ်ပါနဲ့ ။"" အဖေကအတင်းမလွှတ်ပါဘူးကွာ။ ဒါပေမဲ့ နောက်တစ်ခုရှိတာက
သားကိုရော အဖေ့ကိုပါအတူမန္တလေးမှာလာနေစေချင်တယ်တဲ့။ သူထပ်မွေးထားတာကလည်း မိန်းကလေးလေ။ငါ့သားသာလိုက်ခဲ့မယ်ဆို သူတို့ဆိုင်လုပ်ငန်းတွေလည်းသင်ပေးမယ် ကျောင်းဆက်တက်မယ်ဆိုလည်းထားပေးမယ်ပြောတယ်။ငါ့သားအခုလို အလုပ်တွေပင်ပင်ပန်းပန်းလုပ်နေစရာမလိုတော့ဘူးပေါ့။"
" ကျွန်တော့်အတွက်ကမလိုပါဘူး ကိုယ့်ဘာသာရပ်တည်နိုင်တယ်။ညီမလေးကိုပဲသေချာမေးရမှာ။"
YOU ARE READING
You Are My Happiness
Romanceဇိုင်းမြတ်မဟာမောင်❤️ထိန်ယံလင်း - ဇိုင်းမြတ်မဟာမောင်...မင်းနာမည်ကလည်း ရှည်လျားထွေပြားလိုက်တာ။ - အင်း ရှည်တယ်ထင်ရင် မောင်လို့တစ်လုံးထဲခေါ်။တစ်ခြားဘယ်သူမှခေါ်ခွင့်မရှိပေမဲ့ ခင်ဗျားကိုခြွင်းချက်ထားပေးမယ်။ Start Date-7.11.2023 End Date -11.4.2024 ဒီဝတ္ထု...