Part.1

21.2K 271 0
                                    

နက်မှောင်ပြောင်လက်နေသောကားတစ်စီးကနန်းတော်တမျှကြီးကျယ်ခမ်းနားသောအိမ်ကြီးရဲ့စင်ဝင်အောက်မှာထိုးရပ်သွား၏။
ကားရှေ့ခန်းကလူငယ်တစ်ယောက်ကကားပေါ်ကအမြန်ဆင်းလာပြီးကားနောက်ခန်းကတံခါးကိုဖွင့်ပေးလိုက်တော့ကားပေါ်ကနေ​ကျကျနနဆင်းလာသောထိုအမျိုးသား။

ကားပေါ်ကဆင်းတာနဲ့အပေါ်ထပ်ကုတ်အင်္ကျီကိုချွတ်ကာဘေးကလူငယ်ကိုပေးလိုက်ပြီးအိမ်ထဲကိုဝင်လာလိုက်၏။
အိမ်ပေါက်ဝကိုရောက်တော့အရန်သင့်စောင့်နေတဲ့အိမ်အကူကောင်လေးကသူ့အားဖိနပ်ချွတ်ပေးလေသည်။

''ဦးကောင်းခန့်ရဲ့ကုမ္ပဏီဖွင့်ပွဲ''

''မသွားဘူး''

''ဒေါ်ဒေဝီရဲ့သမီးမင်္ဂလာဆောင်''

''မတက်ဘူး''

''သူဌေးမင်းကြီးရဲ့သူငယ်ချင်းဆုံးသွားပြီတဲ့ အဲဒါရက်လည်''

သူဌေးမင်းကြီးဆိုတာသူ့အဖိုးကိုပြောနေတာပင်။

''no''

''ဟင်းးး''

ဘေးကလူငယ်စိတ်ပျက်စွာနဲ့သက်ပြင်းချတော့သူထိုလူငယ်အားလှည့်ကြည့်ကာ

''ရန်ရှင်း မင်းကအခုသက်ပြင်းချလိုက်တာလား''

''ဘော့စ်ကအကုန်ငြင်းနေလို့လေ''

''အဲဒီတော့ရော မင်းငါ့အကြောင်းလည်းသိရဲ့သားနဲ့''

''မိန်းမတွေနဲ့မထိရင်ရတာပဲမလား''

''မရဘူး အဲမှာမိန်းမတွေနဲ့မထိမိဘူးလို့ပြောနိုင်လား''

''ကျွန်တော်ရှိနေတာပဲ''

''မင်းရှိလည်းစိတ်မချဘူး ဟုတ်ပြီလား''

သူပြောပြီးအနီရောင်ကတ္တီပါခင်းထားသောမြွေလိမ်မြွေကောက်လှေကားပေါ်သို့တက်သွားလေသည်။ရန်ရှင်းကလည်းသူ့နောက်ကနေထပ်ကြပ်မခွာပါလိုက်ပါလာ၏။

ကမ္ဘာခွင်းတဲ့။ဒီနာမည်ကသူ့ရဲ့ဆုံးပါးသွားပြီဖြစ်သောမိခင်ကပေးခဲ့သည့်အမည်ပင်။
သူလူမှန်းသိတတ်စကတည်းကမေမေပြောနေကျစကားက

''မေမေကလေ မေမေ့ဗိုက်ထဲကရင်သွေးလေးကသားယောကျ်ားလေးမှန်းသိကတည်းကမနက်ရောညရောဘုရားရှေ့မှာမေမေ့သားလေးကမရှုပ်မပွေတဲ့လူကောင်းလေး မိန်းကလေးတစ်ယောက်တည်းကိုပဲချစ်ပြီးဘယ်မိန်းကလေးနဲ့မှမပတ်သက်ပဲကင်းကင်းရှင်းရှင်းနေနိုင်တဲ့သူဖြစ်ပါစေလို့ဆုတောင်းခဲ့တာ''

My Queen [completed]Where stories live. Discover now