ဒေါ်လေးလာလည်သည့်အတောအတွင်းကိုကိုကနန်းစံနဲ့အတူဒေါ်လေးကိုရန်ကုန်မြို့အနှံ့အထင်ကရနေရာတွေကိုလိုက်ပို့ပေးပြီးစားလို့ကောင်းပါပေ့ဆိုတဲ့စားသောက်ဆိုင်တွေမုန့်ဆိုင်တွေကိုခေါ်သွားပေးသည်။
ဒေါ်လေးကရန်ကုန်မှာတစ်ပတ်လောက်ကြာအောင်နေပြီးတော့မန္တလေးကိုပြန်ဖို့ပြင်၏။
''မပြန်ပါနဲ့ဦးလားဒေါ်လေးရယ် အကြာကြီးနေပါလား ဖြစ်နိုင်ရင်တစ်သက်လုံးအတူနေပါလား နော်''
''မဖြစ်နိုင်တာတွေပြောနေပြန်ပြီ ဒေါ်လေးမှာလည်းစီးပွားရေးတစ်ဖက်နဲ့လေ''
''ဒေါ်လေးအဲ့ထမင်းဆိုင်ကိုပိတ်ပစ်လို့တောင်ရတယ်သိရဲ့လား''
''အမလေး မပိတ်ပါရစေနဲ့ အဲ့ဆိုင်ရတဲ့ပိုက်ဆံလေးနဲ့ပဲညည်းဒီအရွယ်ထိရောက်လာတာလေ''
ဒါလည်းဟုတ်တာပင်။
''ဒါပေမယ့်ဒေါ်လေးအသက်အရွယ်ကအေးဆေးနေသင့်တဲ့အရွယ်ရောက်နေပြီလေ''
''ညည်းအဒေါ်အခုမှ55နှစ်ပဲရှိသေးတာပါအေ''
''ဒါဆိုဒေါ်လေးတစ်ခုကတိပေး''
''ဘာများလဲ''
''နောက်နှစ်ကျရင်ဒေါ်လေးနန်းစံတို့နဲ့အတူလာနေမယ်လို့ ပေးမှာလား''
''ကဲပါ အဲဒါတွေကနောက်မှပြောမယ် အခုလောလောဆယ်ဒေါ်လေးနောက်ကျတော့မယ် သွားရအောင်''
ထိုစဥ်
''ဒေါက်.ဒေါက်''
''မမလေး ပိုးဥပါ''
''ဝင်ခဲ့လေ''
သူမပြောလိုက်တော့ပိုးဥကအခန်းထဲဝင်လာပြီးဒေါ်လေးအဝတ်ထုပ်ကိုဆွဲကာ
''မမလေး ကိုရန်ရှင်းကသွားကြစို့တဲ့''
''အင်း သွားစို့ဒေါ်လေး''
နန်းစံဒေါ်လေးလက်ကိုချိတ်ကာအိမ်ပေါ်မှဆင်းလာခဲ့၏။
ကိုကိုနဲ့နန်းစံတို့ ဒေါ်လေးကိုကားဂိတ်သို့အတူလိုက်ပို့ပေးခဲ့သည်။
''ဒေါ်လေး နေကောင်းအောင်နေနော် တစ်ခုခုဆိုလည်းနန်းစံကိုလှမ်းအကြောင်းကြားသိလား ပြီးတော့နန်းစံပြောထားတာလည်းမမေ့နဲ့နော်''
YOU ARE READING
My Queen [completed]
RomanceCompleted အမျိုးသမီးတွေကိုထိလို့မရတဲ့အမျိုးသားဟာမဖြစ်မနေလက်ထပ်ရမယ့်အခြေအနေနဲ့ကြုံလာရပြီးတဲ့နောက် သူပထမဆုံးထိလို့ရတဲ့မိန်းကလေးကိုတွေ့ရှိခဲ့တဲ့အခါမှာတော့...