''ကိုကိုလည်းခုထိပြန်မလာသေးဘူး 8နာရီတောင်ခွဲနေပြီ ဖုန်းဆက်လို့လည်းမရဘူး ကိုရန်ရှင်း ကိုကိုတစ်ခုခုမပြောခဲ့ဘူးလား''
နန်းစံဧည့်ခန်းထဲကနေပြီးအိမ်ပေါက်ဝကိုမျှော်ကြည့်ရင်းမေးလိုက်သည်။
''ဘာမှမပြောခဲ့ဘူးမမလေး''
ထိုစဥ်နန်းစံလက်ထဲကဖုန်းလေးကမြည်လာ၍နန်းစံကြည့်လိုက်တော့ကိုကိုဖြစ်နေလေသည်။
''ဟဲလို ကိုကို''
''ငါပါ အမရာ''
''ဟင် ရှင့်ထဲကိုကျွန်မယောကျ်ားဖုန်းကဘယ်လိုရောက်နေတာလဲ''
''သူဖုန်းမဖြေနိုင်လို့ငါကအစားဖြေပေးတာ သူကပင်ပန်းပြီးအိပ်နေပြီ ငါလည်းပင်ပန်းလို့အိပ်တော့မယ် ငါနဲ့ကမ္ဘာနဲ့အရမ်းကဲထားမိလို့ သူကတအားဆိုးတယ်နော်''
''ရှင် ရှင်အခုဘယ်မှာလဲ''
''ငါ့အိမ်မှာ ဘာလဲ လာမလို့လား လာရင်လည်းစိတ်ကိုကြိုတင်ပြင်ဆင်ပြီးမှလာနော် အဟင်းဟင်း''
ပြောပြီးအမရာကဖုန်းချသွား၏။
''ဟဲလို ဟဲလို''
''ဘယ်သူလဲမမလေး''
ရန်ရှင်းကမေးလိုက်ခြင်းပင်။
''အမရာ''
''ဟင်''
''ကိုရန်ရှင်း ရှင်သူ့အိမ်ကိုသိတယ်မလား နန်းစံကိုလိုက်ပို့ပါ''
နန်းစံပြိုလဲတော့မယ့်စိတ်ကိုမနည်းတင်းကာအိမ်ထဲမှထွက်လာခဲ့၏။
ရန်ရှင်းနဲ့ပိုးဥလည်းသူမနောက်ကနေအပြေးလေးလိုက်လာသည်။ဘာတွေဖြစ်ကြလဲသေချာမသိပေမယ့်တစ်ခုခုဆိုးဆိုးဝါးဝါးဆိုတော့သူတို့သိသည်။မမလေးပုံစံကတော်တော်လေးတုပ်လှုပ်နေတဲ့ပုံ။
🤴👸
ခေါင်းထဲကတဆစ်ဆစ်နှင့်နာကျင်မှုနဲ့အတူကမ္ဘာအိပ်ပျော်သွားရာမှနိုးလာ၏။
သူနိုးလာတော့သူ့ခန္ဓာကိုယ်ပေါ်မှာအဝတ်အစားတွေရှိမနေတဲ့အပြင်တစ်စုံတစ်ယောက်ကသူ့အားအတင်းဖက်တွယ်ထားလေသည်။သူလှည့်ကြည့်လိုက်တော့အမရာကရင်ဘတ်ထိစောင်ကိုခြုံထားပြီးအိပ်ပျော်နေ၏။ကြည့်တာနဲ့သူမလည်းအဝတ်အစားမပါမှန်းသိသာသည်။
YOU ARE READING
My Queen [completed]
RomanceCompleted အမျိုးသမီးတွေကိုထိလို့မရတဲ့အမျိုးသားဟာမဖြစ်မနေလက်ထပ်ရမယ့်အခြေအနေနဲ့ကြုံလာရပြီးတဲ့နောက် သူပထမဆုံးထိလို့ရတဲ့မိန်းကလေးကိုတွေ့ရှိခဲ့တဲ့အခါမှာတော့...