Part_13

899 58 0
                                    

"ဒေါက်တာ အဖေ့အခြေအနေလေး"

"ခွဲစိတ်မှုအောင်မြင်ပါတယ် မေ့ဆေးနဲ့မို့ခဏတော့အိပ်ပျော်နေလိမ့်မယ် စိုးရိမ်ရတဲ့အခြေအနေမရှိတော့ပါဘူး"

"ကျေးဇူးပါ ဒေါက်တာ"

"ဂျီမင်း"

"အင်း"

"အန်ကယ့်ကို လုပ်ကြံ‌တဲ့သူကိုသိရပြီ"

"ဘယ်သူတဲ့လဲ"

"Black Fox ဂိုဏ်းရဲ့ခေါင်းဆောင်"

"ဘယ်လိုသိတာလဲ"

"CCTV မှတ်တမ်းမှာမြင်ရတဲ့သူ့လက်မောင်းပေါ်ကတက်တူးတွေကြောင့်"

"အဖေနဲ့သူတို့ကြားမှာရန်ငြိုးတွေလည်းမရှိပဲနဲ့"

"သူတို့ကအဲ့လိုပဲလေ လူသတ်ရတာကိုခုံမင်တဲ့သူတွေ"

ငြိမ်ကျသွားတဲ့ဂျီမင်းကိုအကဲခတ်လိုက်ပြီး ‌ဂျောင်ဂုက Black Fox ဂိုဏ်းခေါင်းဆောင်ဆိုတာကိုပြောသင့်မပြောသင့်စဉ်းစားနေမိသည် ပြောလိုက်ရင်သူတို့တည်ဆောက်ထားတဲ့အချစ်အိမ်လေးပျက်စီးသွားမှာကြောက်သည် သူ့အတွက်နဲ့ဂျီမင်းကိုစိတ်မထိခိုက်စေချင်မိတာတော့အမှန်ပါ ထယ်ယောင်းစဉ်းစားရခက်လေပြီ

"ထယ် ဘာတွေစဉ်းစားနေတာလဲ"

"ဂျီမင်း"

"အင်း"

"ငါမင်းကိုပြောစရာရှိတယ်"

"ပြောလေ"

"ပြောသင့်မပြောသင့်စဉ်းစားနေတာကွာ ငါပြောလိုက်ရင်များ"

"ပြောစရာရှိတာပြောစမ်းပါကွာ မင်းနဲ့ငါကအရိပ်အကဲကြည့်နေရမယ့်သူတွေလား"

"Black Fox ဂိုဏ်းရဲ့ခေါင်းဆောင်ကလေ
ဂျောင်ဂုတဲ့"

စိတ်လှုပ်ရှားဟန်မရှိပဲတည်ငြိမ်နေတဲ့မျက်ဝန်းတစ်စုံကြောင့် ထယ်ယောင်းခေါင်းခြောက်ရပြန်သည်

"ဂျီမင်း မင်းအဆင်ပြေရဲ့လား"

"ငါအစထဲကသိပြီသားပါ"

"ဘယ်လို မင်းကသိနေခဲ့တာလား"

"အင်း ဘေးနားကမြင်နေရတဲ့မင်းတောင်သူ့ကိုမသက်ာဖြစ်နေတာမလား သူ့အနားမှာအမြဲရှိနေတဲ့ငါကပိုသိပါတယ် နယ်စပ်မှာတွေ့ခဲ့တဲ့လူနဲ့ CEO ဂျွန်ဂျောင်ဂုကတစ်ယောက်ထဲဆိုတာ"

အမှောင်ယံညရဲ့ လင်းလက်ကြယ်Where stories live. Discover now