Part_14

909 59 1
                                    

"မောင်!!!!!! ဘာလို့အဲ့လိုလုပ်ရက်ရတာလဲ ကိုယ်ကမောင်နဲ့တွေချင်လို့လာတာလေ ဒီလိုပုံစံနဲ့ကြိုဆိုခံရတော့
ပတ်ခ်ဂျီမင်းတို့ကံကောင်းချက်ပဲ ဟက်!"

"ပြောစရာမရှိရင်လည်းပြန်လိုက်ပါတော့လား
ဂျီမင်းရှီးလ် ကိုကိုက you နဲ့မတွေ့ချင်ဘူးတဲ့ အော်....ပြီးတော့ပြောရအုံးမယ် ကိုကိုနဲ့ဆူရီကလက်ထပ်တော့မှာ မဂ်လာပွဲကိုလည်းဖိတ်ပါတယ်နော်"

"မောင်!!!သူပြောနေတာတွေကအမှန်မဟုတ်ဘူးမလား မောင်လက်မထပ်ရပါဘူး ကိုယ့်ကိုစနေတာမလား'

"သူပြောတာတွေကအမှန်ပဲ ငါနဲ့ဆူရီနောက်အပတ်ကျလက်ထပ်တော့မယ်"

မောင်ရယ်......စိမ်းကားသွားလိုက်တာများ ငါတွေမင်းတွေနဲ့တောင်ပြောလို့ပါလား ဘာကမောင့်ကိုဒီလောက်ထိပြောင်းလဲသွားစေတာလဲ
ဂျီမင်း အမှန်ပင်ဝမ်းနည်းမိပါသည် မောင်ကသူ့ကိုမချစ်တော့သလိုခံစားချက်ကြီး တစ်ခါမှမကြည့်ဖူးတဲ့အကြည့်စိမ်းကြီးတွေနဲ့တောင်ကြည့်လို့ပါလား
မောင်ရယ်.......

"မောင်!'

"ငါမနက်ဖြန်ဆိုအဖေတို့ဆီပြောင်းနေတော့မှာ"

"မောင် ကိုယ့်ကိုစိတ်ဆိုးနေလို့အဲ့လိုလုပ်တာမလားဟင် စိတ်ဆိုးပြေတဲ့ထိချော့မယ်လေနော် အဲ့လိုစိမ်းကားတဲ့စကားလုံးတွေနဲ့တော့ ကိုယ့်ကိုမနှိပ်စက်လိုက်ပါနဲ့ မောင်ရယ်"

"ကျစ်! မင်းစကားအရမ်းများတာပဲ တစ်ခုပြောလိုက်အုံးမယ် ငါ့ကိုအရမ်းကြီးလည်းချစ်မနေနဲ့ မင်းအဖေကိုလုပ်ကြံခဲ့တာငါပဲ အဲ့တော့မုန်းလိုက် ငါနဲ့လည်းနောက်ထပ်ဘယ်တော့မှလာမပတ်သက်ပါနဲ့"

မုန်းလိုက်တဲ့လား လွယ်လိုက်တာမောင်ရယ် အရာအားလုံးနဲ့ရင်းပြီးချစ်ခဲ့ရတာကိုမုန်းလိုက်တဲ့လား အများကြီးချစ်ခဲ့တာ မကောင်းတာတွေလုပ်တဲ့သူမှန်းသိရဲ့သားနဲ့ကိုချစ်ခဲ့တာ ကိုယ့်ရှေ့မှာမကောင်းတာတစ်ခုခုတွေ့ရင်တောင်လက်ပိုက်ကြည့်မနေတတ်တဲ့ဂျီမင်းက ကိုယ့်အဖေတစ်ယောက်လုံးကိုလုပ်ကြံခဲ့တဲ့သူကိုအပြစ်‌လေးတစ်ချက်‌တောင်မမြင်ခဲ့ဘူးတဲ့လား
အရင်ကဂျီမင်းသာသိရင်ကိုယ့်ကိုလှောင်နေတော့မှာပဲမောင်ရယ်
မဖြစ်နိုင်မှန်းသိရက်နဲ့တောင်ရှေ့ဆက်တိုးခဲ့သေးတာပဲ မောင့်ကိုဒီတိုင်းကြီးလက်လွှတ်ပေးလိုက်မယ်လို့ထင်ရင်တော့မောင်မှားသွားပြီ

အမှောင်ယံညရဲ့ လင်းလက်ကြယ်Where stories live. Discover now