အပိုင်း(1)

529 45 1
                                    

Unicode

   ရေခဲခေါင်းတလားထဲက ပစ်မှတ်ရှစ်ဇွင်းအလှလေး

စိတ်ကူးယဉ်တိမ်တိုက်နယ်ပယ် အပြင်ဘက်တစ်နေရာတွင် နှင်းများဖုံးလွှမ်းနေသည့်ကြား အနက်ရောင်ပုံရိပ်လေးတစ်ခု ပြေးလွှားနေပြီး ထိုသူ၏နောက်ကို တစ်ကိုယ်လုံး နှင်းလိုဆွတ်ဆွတ်ဖြူလျက် အစိမ်းရောင်မျက်လုံးရှိသည့် မကောင်းဆိုးဝါးဝံပုလွေ သုံးလေးကောင်လောက်က ပြေးလိုက်လို့နေသည်။

"ဟူး——ဟူးဟူး——"

ယဲ့ဟန်ကု သူ၏လက်တစ်ဖက်ကို ရင်ဘတ်ပေါ်သို့တင်ကာ နောက်တစ်ဖက်ကိုတော့ ဘေးဘက်ရှိ ရေခဲနံရံပြင်ပေါ်ကို ထောက်လိုက်ပြီး အသက်၀၀ရှူထုတ်လိုက်သည်။ သူ၏ ပင်ပန်းနေပုံရသည့် မျက်၀န်းနက်တစ်စုံကတော့ စိတ်မသက်မသာ ဖြစ်နေသလိုပင်။

ယဲ့ဟန်ကု : "886 မင်း အမြန် နည်းလမ်းတစ်ခုခု စဉ်းစားစမ်းပါ။ မဟုတ်ရင် ငါတော့ ဒီနေရာမှာပဲ အဆုံးသတ်သွားတော့မယ်"

886 : "မူလပိုင်ရှင်ရဲ့ ကျင့်ကြံဆင့်က ဒီမကောင်းဆိုးဝါး ဝံပုလွေတွေကို အေးအေးဆေးဆေး ရှင်းပစ်လို့ရတာမလို့ Host ကိုယ်တိုင်သာ ကြိုးစားပြီး သတ်ကြည့်လိုက်ပါ"

ယဲ့ဟန်ကု : "မင်းဖင်ကိုယုံရမှာလား"

ယဲ့ဟန်ကု : "ငါတော့ ဒီခန္ဓာကိုယ်မှာ ကျင့်ကြံဆင့်ရှိတယ်လို့ လုံး၀မခံစားမိဘူး"

ယဲ့ဟန်ကု ပါးစပ်ထဲ သွေးအပြည့်နဲ့ သူ့နောက်ကို ပြေးလိုက်ခဲ့တဲ့ ဝံပုလွေတွေဘက်ကို ပြန်လှည့်ကြည့်လိုက်ပြီးတဲ့နောက် စိတ်ထဲမှာ စစ်စတန်ရဲ့ ဘိုးဘေး 18ဆက်လောက်ကို ထိုင်ကန်တော့ချင်စိတ် ပေါက်လာတော့သည်။

သူများတွေ ကူးပြောင်းလာရင်ကျ ရွှေလက်ချောင်းတွေရပြီး ဘာလို့ ငါ့အလှည့်ကျမှ မျက်လုံးနှစ်လုံး ပွင့်တာနဲ့ ဝံပုလွေပါးစပ်ထဲ မရောက်အောင် အသည်းအသန် ပြေးနေရတာလဲ။

သူများတွေရဲ့ စစ်စတန်တွေကျတော့ ကြိုက်တဲ့ပစ္စည်း ဆွဲထုတ်လိုက်တာနဲ့ အားလုံးက အသုံး၀င်တဲ့ အရာတွေချည်းပဲ။ ဘာလို့ ငါ့စစ်စတန်ကျမှ ဒီလောက် အသုံးမ၀င်ဘူးလို့ ခံစားရပါလိမ့်?

စာအုပ်ထဲကူးပြောင်းပြီးနောက် ဖျားနာနေတဲ့ရှစ်ဇွင်းအလှလေးရဲ့အချစ်အကျဉ်းသားဖြစ်လာတယ်Where stories live. Discover now