အပိုင်း(2)

241 27 3
                                    

                           မင်းဘယ်လိုနေလဲ

886 :"တင် ပထမဆုံးမစ်ရှင် ပြီးမြောက်သွားတဲ့အတွက် hostကို ဂုဏ်ပြုပါတယ်။ အခု host ရွှေနီရောင်နှောင်းပိုင်းအဆင့်ကို ရောက်ရှိသွားပါပြီ"

စစ်စတန်၏ မစ်ရှင်ပြီး‌ဆုံးသွားပါပြီ ဆိုသည့် စကားကိုကြားမှ ယဲ့ဟန်ကု သတိပြန်၀င်လာပြီး မနီးမဝေးမှာရှိတဲ့ ထိုအမျိုးသားကို ကြည့်လိုက်သည်။ သူကိုယ်တိုင်သည်ပဲ စိတ်လွတ်သွား၍လား သို့မဟုတ် တစ္ဆေသရဲ၀င်ပူးခံရလို့ပဲ တစ်ဖက်လူရဲ့ နှုတ်ခမ်းကို လျှာနဲ့နမ်းလိုက်မိတာလား မသိတော့ချေ။

တကယ်ကို မွှေးပြီး နူးညံ့နေတာပဲ။

ထို့နောက် သူ့ကိုယ်သူ သေလူတစ်ယောက်အပေါ် ဘာလုပ်လိုက်မိမှန်း ပြန်အသိရကာ ယဲ့ဟန်ကု ငှက်တစ်ကောင်လို ဖြောင့်ဖြောင့်တန်းတန်း မတ်တပ်ထရပ်လိုက်ပြီး သူ့နှုတ်ခမ်းသူ မယုံကြည်နိုင်စွာ လက်ဖြင့်အုပ်လိုက်မိသည်။

သူသူသူဘာလုပ်လိုက်တာလဲ?

ယောက်ျားလေးတစ်ယောက်ကို နမ်းလိုက်တာကို မပြောနဲ့ဦး တစ်ဖက်လူက သေပြီးသားလူပါ ဖြစ်နေသေးတယ်?

မဟုတ်မှ သူ့မှာ သေလူတွေအပေါ်ကိုပဲ စိတ်၀င်စားတဲ့ ရောဂါရှိနေတာလား?

ထိုအတွေးသည် ထိတ်လန့်စရာ ကောင်းလွန်းတာကြောင့် တခြားအရာများကို ဂရုမစိုက်နိုင်တော့ပဲ တစ်ချိုးထဲ လစ်ပြေးမိတော့သည်။

သို့သော် သူမသိလိုက်သည်က သူလှည့်ပြေးသွားပြီးနောက် အခေါင်းထဲရှိ အလှလေးသည် ရေခဲခေါင်းတလားထဲမှ တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားသည်ကိုပင်။

မိုင်ပေါင်းထောင်သောင်းများစွာ ဝေးကွာလွန်းလှသည့် ထျန်းယာဓားဂိုဏ်း၏ အမြင့်မားဆုံးသော တောင်ထွဋ်ရှိ အထီးကျန်စွာ တစ်ခုတည်းတည်ရှိနေသော အဆောင်ထဲတွင် ‌ငွေပြာရောင် မျက်၀န်းတစ်စုံသည် ဖြည်းညှင်းစွာ ဖွင့်လာခဲ့သည်။ အချိန်ကြာမြင့်စွာ မျက်လုံးမှိတ်နေခဲ့ရသူသည် နွေးထွေးနေသေးသော နှုတ်ခမ်းပါးအား မသိစိတ်ဖြင့် ထိကိုင်လိုက်မိသည်။ ထို့နောက် မျက်၀န်းအတွင်း ပြင်းထန်လွန်းလှသော အလိုလောဘတို့ ပေါ်ပေါက်လာကာ တစ်ဆက်ထဲမှာပင် ရူးသွပ်စွာ ဖျက်စီးလိုမှုက ပေါ်ပေါက်လာပြန်တာကြောင့် အချိန်ခဏကြာမှ စိတ်ပြန်ငြိမ်သက်နိုင်တော့သည်။

You've reached the end of published parts.

⏰ Last updated: Jun 21 ⏰

Add this story to your Library to get notified about new parts!

စာအုပ်ထဲကူးပြောင်းပြီးနောက် ဖျားနာနေတဲ့ရှစ်ဇွင်းအလှလေးရဲ့အချစ်အကျဉ်းသားဖြစ်လာတယ်Where stories live. Discover now