Unicode
ဖယောင်းမီးတိုင်လေးတွေထွန်းညှိထားသော ရေချိုးခန်းလေးသည် ရှေးအိမ်ရှေ့စံမင်းသားများအသုံးပြုကြသောရေကန်အဝိုင်းကြီးကဲ့သို့ပြုလုပ်ထားသည်။ ရေပန်းတစ်ခုတပ်ထားသေးသော်ငြား အိမ်အလုပ်သမားများသည် သခင်လေး ရေချိုးခန်းဝင်ချိန်ဆိုလျှင် မွှေးကြိုင်တဲ့ဖယောင်းနံ့၊ ဆပ်ပြာတို့ပြင်ဆင်ရကာ ချိုးရေကိုလည်း နွေးနွေးလေးဖြစ်အောင်စပ်ပေးကြရ၏။
February ကုန်ခါနီး ဆောင်းရဲ့ အေးစိမ့်မှုတွေကုန်တော့မှာမို့ မကြာခင်မှာတော့ သခင်လေးအတွက် ရေအေးအေးလေးတွေပြင်ဆင်ပေးရမည့်အချိန်ပါ ရောက်လာပါတော့မည်။
" ပြီးပြီလား "
" ဟုတ်ကဲ့ အသင့်ပါပဲ သခင်လေး "
Baekhyun ရေချိုးဝတ်ရုံအဖြူနှင့်ဝင်လာတာနဲ့ ရေချိုးခန်းအတွင်း တကုပ်ကုပ်ပြင်ဆင်နေရသောအကူများမှာ ခေါင်းလေးငုံ့လျက် တန်းစီထွက်သွားကြသည်။ ဆွဲတံခါးပိတ်သံအဆုံးမှာတော့ အမွှေးနံ့သာထုံမွှမ်းသောရေချိုးခန်းလေးထဲဝယ် Baekhyun တစ်ယောက်သာကျန်ခဲ့သည်။
ဖယောင်းမီးရောင်တလှုပ်လှုပ်လေးတွေဘေးကနေ ဖြေးဖြေးချင်းဖြတ်လျှောက်ရင်း ရေချိုးကန်အဝိုင်းကြီး၏တစ်ဖက်ထိပ်တည့်တည့်ကိုရောက်တော့ မတ်တပ်ရပ်လျက်ကနေပဲ ရေကန်ထဲကရေများထဲ ခြေတစ်ဖက်ဆန့်ထည့်ကြည့်ကာ ရေရဲ့ အနွေးဓာတ်ကို ခြေမလေးဖြင့်ခံစားကြည့်လိုက်သည်။ ရေကန်ထဲ ပန်းပွင့်တွေခြွေထည့်တာမကြိုက်ဘူးဟုပြောထားတာကြောင့် ဒီတစ်ကြိမ်တော့ ချိုးရေဟာ နှင်းဆီပန်းတွေမရှိဘဲ ကြည်လင်မွှေးပျံ့နေလေ၏။
ခါးစည်းထားတဲ့ဝတ်ရုံကြိုးကိုဖြည်ချလိုက်တော့ အဖြူရောင်ရေချိုးဝတ်လေးက ကြမ်းပေါ်ပုံကျသွားပြီး မိမွေးတိုင်း၊ဖမွေးတိုင်းခန္ဓာကိုယ်လေးက ဖယောင်းမီးရောင်များကြား လှပစွာ ထွက်ပေါ်လာသည်။ ခါးနေရာ ခါး၊ တင်နေရာ တင်၊ သူ့နေရာနဲ့သူ ကောက်ကြောင်းအကုန်ထင်ပေါ်တဲ့
ခန္ဓာကိုယ်လေးကို နဘေးမှာထောင်ထားတဲ့ ကိုယ်လုံးပေါ်ကြေးမုံကြီးထဲကနေ လှမ်းကြည့်လိုက်သည်။မာမား မွေးပေးကတည်းက အကုန်ပါလာတဲ့ ဒီပုံစံ၊ဒီကိုယ်ကြီးကို ဘယ်သူများတကယ်ပိုင်နေတာလဲ ? ကိုယ်ကိုယ်တိုင်လား၊ သူများကလား ? ဒါမှမဟုတ် မာမားပိုင်တာများလား။
YOU ARE READING
Laurel Wreath「ChanBaek」
Fanfiction🌿 B Y U N ------- 18.2.2024 Republish - 5.7.2024 slaysakura