Unicode
" အသက်လေး ဘာထပ်ထည့်ချင်သေးလဲ "
" အမ်(မ်) ထွေထွေထူးထူးမရှိပါဘူး ဒီတိုင်းပဲကောင်းပါတယ် "
" အိုခေ... ဒါဆို ဒါတွေပဲ "
DongMin က အတည်ပြုအခန်းကဏ္ဍများကို လက်မှတ်ထိုးပေးလိုက်သည်။
(21) နှစ်ကမပြည့်သေးဘူး၊ ပြည့်ရင်ယူရမယ့်လက်ထပ်ပွဲကတော့ ပြည့်စုံတာထက်ကို လျှံပယ်နေပြီဖြစ်သည်။
Baekhyun တစ်ယောက် DongMin ဘေးမှာထိုင်ကာ မင်္ဂလာပွဲကိစ္စတွေရွေးကူနေရင်းကနေ အခန်းအဝင်ထောင့်မှာရပ်နေသည့် Chanyeol ကို ခဏခဏလှမ်းကြည့်သည်။ အရင်ကတည်းက သဘောကျရသည့် ခေါင်းစခြေဆုံးပြည့်စုံမှုကြီးက အခုချိန်မှာပိုတောင်လင်းလက်တောက်ပနေသလိုပါပင်။ Chanyeol ကိုကြည့်လိုက်တိုင်း သူ့မှာ ချောလိုက်တာဟု ထပ်ခါထပ်ခါတွေးတောနေမိရုံသာ။
" ဒါဆိုသွားရအောင်လေ "
DongMin မတ်တပ်ထရပ်မှ Baekhyun အကြည့်တွေလည်း ဆက်ကနဲ အိမ်ပြန်ရောက်ပြီး အသိစိတ်ဝင်တော့သည်။
" ကိုကို ကျွန်တော့်ကိုနတ်ကျောင်းပို့ပေးဦးနော် "
" ပို့မယ်ပို့မယ် ကိုယ့်မေမေတို့ဆီကပြန်မှဝင်လိုက်လေနော် "
" ရတယ်ရတယ် ကျွန်တော်ဦးထုပ်သွားယူလိုက်ဦးမယ် "
" အင်း ကိုယ်ကားနားကစောင့်မယ် "
DongMin က စားပွဲပေါ်ပြန့်ကျဲနေသောစာရွက်တွေကို စုစည်းပြီး အရင်ထွက်သွားကာ Baekhyun ကတော့ နောက်ကလိုက်ပါလာသည်။ ဒါတောင် လမ်းလျှောက်နေရင်း Chanyeol ကို ခိုးကြည့်ကာ ချစ်စရာကောင်းအောင်ပြုံးပြပြီး သူ့အခန်းဆောင်ဘက် ချိုးသွားလေ၏။
Chanyeol လည်း နောက်ကလိုက်ခဲ့သည်။
______________________
" နွေကူးပြီမို့ ပူနေပြီ ... နတ်ကျောင်းထဲဝင်လည်း ဦးထုပ်တန်းမချွတ်နဲ့နော် "
" သိပါတယ် Chan ရဲ့ ... ကျွန်တော်သွားတော့မယ်၊ မြန်မြန်ပြန်လာခဲ့မယ်နော် "
ဆောင်းနေကြ နွေဦးထုပ်အဝိုင်းလေးဝတ်ပြီးတာနဲ့ ခပ်သွက်သွက် ပြန်ထွက်သွားဖို့လိုနေသည့် Baekhyun က ကျန်ခဲ့ရမည့် Chanyeol ပါးတစ်ဖက်ကိုအုပ်ကိုင်ကာ စစ်ထွက်တိုက်တော့မည့်အမျိုးသားတစ်ယောက်ကိုနှုတ်ဆက်သလို ပြောနေသည်။
YOU ARE READING
Laurel Wreath「ChanBaek」
Fanfiction🌿 B Y U N ------- 18.2.2024 Republish - 5.7.2024 slaysakura