Chapter 1 - Blind Date

94 5 0
                                    

အောက်ထပ်မှ အန်တီဝမ်က ယောင်းချီချီကို တစ်ယောက်ယောက် နှင့် ထပ်မိတ်ဆက်ပေးပြန်ပြီ။ ဒီကိစ္စက ကမ္ဘာကြီးဟာ တကယ်ပြောင်းလဲသွားပြီဖြစ်ကြောင်း သူမကို အသိပေးလိုက်လေသည်။ ထို့နောက် လွန်ခဲ့သည့် နှစ်အနည်းငယ်ကို သူမ ပြန်မှတ်မိသွားခဲ့။ သူမ ပထမဆုံးအကြိမ် came out လုပ်ချိန်တွင် မိခင်ဖြစ်သူက မျက်ရည်လေးတစ်စက်၊ နှစ်စက်သာ ကျပြခဲ့၏။ နောက်ပိုင်းတွင်မူ သူမ ဘာလုပ်ခဲ့သနည်း။ သူမမိခင်က ရူးသွားသကဲ့သို့ lesbians ပေါင်းများစွာနှင့် ချိန်းတွေ့ခိုင်းတော့သည်။

သူမနောက်ဆုံးအကြိမ်မိတ်ဆက်ပေးသည့် အားကစားနည်းပြကြောင့် ယောင်းချီချီ စိတ်ထဲ၌ အရိပ်မည်းတချို့ ကျန်ရစ်နေဆဲပင်။ သူမက အရပ် 180 cm ကျော်၊  မိန်းမကြီးတစ်ယောက်ဖြစ်ပြီး တုတ်ခိုင်သန်မာသည့် ကြွက်သားများ ပိုင်ဆိုင်ထားသည်။ သူမ မတ်တပ်ရပ်လိုက်ချိန်တွင် ယောင်းချီချီနှစ်ယောက်ဆင့်လိုက်လျှင်တောင် သူမအရပ်ကို မမှီနိုင်ချေ။

သူမ စိုးရိမ်သွား၏။

သူမ ငြင်းနိုင်လောက်လား?

ပြန်စဥ်းစားရရင် သူမက Internet Celebrity တစ်ယောက်ဖြစ်ပြီး သေချာပေါက် ရုပ်မဆိုး။
အဲ့တော့ မဖြစ်မနေလုပ်ရမဲ့ Blind Date ကို သူမ ဘယ်လိုလာရမလဲ?

ယောင်းချီချီက သူမဘဝကို အလေးအနက်စဥ်းစားရန် အမှန်တကယ် လိုအပ်နေသည်။

အမေယောင်း စျေးဝယ်ပြီးပြန်ရောက်လာချိန် သမီးဖြစ်သူက ဆိုဖာပေါ်တွင် သေနေသည်ကို မြင်သောအခါ သူမပြော၏။

"နင်ဘာလို့ အိမ်မှာရှိနေသေးတာလဲ။"

ယောင်းချီချီ ထိုင်းမှိုင်းစွာ ပြန်ဖြေသည်။

"ဟုတ်ပ။ သမီး အခုထိ အိမ်မှာပဲရှိသေးတယ်။"

အမေယောင်းက စျေးခြင်းတောင်းကို ပစ်ချကာ သူမသမီးကို ရိုက်နှက်ရန် အင်္ကျီလက်ခေါက်တင်နေ၏။

"ဒါဆိုရင်လည်း ဘာအတွက် အီရောအီရောလုပ်နေတာတုန်း။ မြန်မြန်ထ၊ အဆင်သင့်ပြင်။ တစ်ဖက်မိန်းကလေး ထိုင်စောင့်ရအောင် မလုပ်ချင်စမ်းနဲ့။"

ယောင်းချီချီက ခါးသက်သက်မျက်နှာထားဖြင့် ပြောသည်။

"အမေ၊ အရိုးသားဆုံးပြောရရင် သမီး မသွားလို့မရဘူးလား။ ဒီတစ်ခုက ခုနှစ်ခုမြောက်ဖြစ်နေပြီ။ သမီးကို တကယ့်လူမှန်နဲ့တွေ့စေချင်တယ်ဆိုရင် အမေဘာလို့ နည်းနည်းလောက်မစောင့်ပေးတာလဲ။"

အရင်လက်ထပ် နောက်မှချစ် (MM Translation)Where stories live. Discover now