အပိုင်း ၁

15 0 0
                                    

꒰⁠⑅⁠ᵕ⁠༚⁠ᵕ⁠꒱⁠˖⁠♡ Unicode ♡⁠˖⁠꒰⁠ᵕ⁠༚⁠ᵕ⁠⑅⁠꒱

မြင့်မားလှသည့် ကျောင်းအဆောက်အဦးကို ငေးကြည့်ကာ သက်ပြင်းသဲ့သဲ့လေးချလိုက်မိသည်။

ယနေ့မှ ကျောင်းစဖွင့်တာကြောင့် ကျောင်းသား၊ကျောင်းသူများနှင့် ကျောင်းသားမိဘများသည် ကျောင်းဝန်းအရှေ့တွင် ပျားပန်းခတ်နေကြသည်။

နောက်ကို လှည့်ကြည့်လိုက်ချိန် ချိုမြိန်စွာပြုံးပြနေသော မိခင်ဖြစ်သူကို လက်ပြနှုတ်ဆက်ပြီးနောက် ကျောင်းတော်ကြီးဆီ ခြေလှမ်းစခဲ့လိုက်သည်။

ထို့နောက် ‌ရောက်ဖူးပြီးသားဖြစ်သော ကျောင်းရုံးခန်းဆီ တန်းတန်းမတ်မတ်လျှောက်သွားလိုက်သည်။

အခန်းတံခါးခေါက်ကာ ဝင်ခွင့်တောင်းလိုက်တော့ ကျောင်းအုပ်ဆိုသူက ဝင်ခဲ့ပါ ဟု‌ပြန်ဖြေသည်။

" ခဏထိုင်နေနော် ကျောင်းတက်ခေါင်းလောင်းထိုးပြီးရင် သမီးတက်ရမယ့်အခန်းကို ဆရာလိုက်ပြပေးမယ် "

ရိုကျိုးစွာ သူသည် ဟုတ်ကဲ့ ဟုပြန်ဖြေလိုက်ကာ ထိုင်ခုံတစ်လုံးတွင်ထိုင်နေလိုက်သည်။

ကျောင်းအသစ်ကိုရောက်လာပြီ ဖြစ်တာကြောင့် အနည်းငယ်တော့ စိတ်လှုပ်ရှားစွာ တုန်ယင်နေလျက်။

ကျောင်းဆိုသည့်အလျောက် ကျောင်းသား၊ကျောင်းသူများ၏ ဆူညံသံများသည် ကျောင်းအုပ်ရုံးခန်းကထိတောင် ကြားနေရပါသည်။

ကျောင်းအုပ်ရုံးခန်းထဲ ဝင်လိုက်ထွက်လိုက်ဖြင့် အလုပ်ရှုပ်နေကြသော ဆရာ၊ဆရာမများသည် သူ့အားသေသေချာချာစူးစိုက်ကြည့်သွားဖို့အတွက်တော့ အားကြသေးတာပဲ။

လူတစ်ယောက်က မိမိအားစိုက်ကြည့်နေလျှင် စိတ်မလုံခြုံတော့သလိုခံစားနေရသည်ကြောင့် ခေါင်းကို အတတ်နိုင်ဆုံး အဆုံးထိငုံ့ထားကာ လုံချည်အစိမ်းလေးပေါ် တင်ထားသည့် လက်သွယ်သွယ်ကလေးတွေကိုသာ အာရုံစိုက်နေလိုက်သည်။

‌ခဏအကြာ ကျောင်းတက်ခေါင်းလောင်ထိုးသံကြားလိုက်ရသော်လည်း တစ်ချက်ကလေးမော့ကြည့်မလာသည့် ကျောင်းအုပ်ဖြစ်သူကို ‌မေ့များမေ့နေသလားဟူသည့် အတွေးကလေးဖြင့် သတိပေးရန်ကြံရွယ်ပါသော်လည်း အနည်းငယ်ရှိန်နေမိသည်ကြောင့် စကားလုံးတို့သည် လည်ချောင်းအတွင်း၌သာ ပျောက်ရှကုန်သည်။

ထိုမှစခဲ့သည်Where stories live. Discover now