🖤1🖤

5.1K 194 82
                                    

Unicode

"Victory...နားချိန်လား..."

"ဟုတ်တယ်...ဆရာကျွန်တော်အခုပဲ ခွဲစိတ်ခန်းထဲဝင်ပြီးတော့ ခနနားနေတာ..."

"အော် Victory ...ပင်ပန်းတယ်မလား"

"ကိုယ်ဝါသနာပါတဲ့ အလုပ်ကုနလုပ်နေရတော့လဲ ပင်ပန်းတယ်လို့တော့ မခံစားရပါဘူးဆရာ..."

"ဆရာသိတာပေါ့...ငယ်ငယ်ထဲက စာကိုပဲလုပ်နေတာ...ချစ်ရမဲ့သူရောတွေ့နေပြီလား Victory..."

"အဲ့လိုမရှိပါဘူးဆရာ...အခုထိလေ့လာစရာတွေရှိသေးတာမို့ အချစ်ရေးဘက် အာရုံမစိုက်ဖြစ်သေးပါဘူးဆရာ..."

"ဆရာ့မှာသာ သမီးလေးရှိရင် Victory နဲ့ပေးစားတယ် တကယ်ကို ရိုးသားတဲ့ကောင်လေးမလို့..."

"ကျေးဇူးပါ ဆရာ..."

Taehyung သိတာပေါ့...ဆရာက လူပျိုကြီးလေ အဖော်မရှိတော့ Taehyung အား သားလေးတစ်ယောက်လို အစ်ကိုတစ်ယောက်လို ခင်မင်ပေးလေသည်။

Taehyung သည် အသက်25နှစ်အရွယ် အမျိုးသားတစ်ယောက်ဖြစ်ပြီး Ruby brown ဆေးရုံတွင် နှလုံးအထူးကုအဖြစ် အလုပ်လုပ်နေသော ဆရာဝန်တစ်ဉီးဖြစ်သည်။

ငယ်ငယ်ထဲက စာမှာသာ ခေါင်းနှစ်ထားသော Taehyung က Ruby brown ဆိုတဲ့ ကိုရီးယားနိုင်ငံရဲ့ နံပတ်၁ဆေးရုံတွင် အလုပ်ဝင်နိုင်ဖို့အတွက် ခက်ခက်ခဲခဲကြိုးစားခဲ့ရသည်။

ဆံပင်ရွှေညိုရောင်လေးနဲ့ Taehyung အား ဆေးရုံကလူတစ်မျိုးက Taehyung ရဲ့ နာမည်ပြောင် Victory လို့သာခေါ်ဆိုကြပြီး Taehyung ရဲ့ရင်းနှီးသော သူငယ်ချင်းတွေလောက်သာ Taehyung နာမည်အရင်းအား ခေါ်ကြလေသည်။
.

.

.
"Taehyung ..."

Taehyung ခနနားနေချိန်တွင် အသံပြဲကြီးဖြင့် အော်ကာ Taehyung အနားရောက်လာသော သူကြောင့် မှိတ်ထားသော မျက်လုံးများအား ဖွင့်လိုက်ရသည်။

"ဘယ်တုန်း jin hyung ရဲ့..."

"ဆေးရုံအုပ်ကြီးခေါ်ခိုင်းလိုက်လို့လေ..."

"နားချိန်လေးတောင် မနားရဘူး...."

"သွားလိုက်အုံး Taeရေ ဘာတွေခိုင်းဉီးမလို့လဲမသိဘူး..."

Taehyung လဲ နားချိန်မှာခနမှေးထားသောကြောင့် တွန့်ကြေနေသော ကုတ်အားသေချာပြင်ကာ ရွှေညို​ရောင် ဆံပင်အား ပုံစံကျအောင် လက်နဲ့သပ်လိုက်ပြီး...၁၂လွှာက ဆေးရုံအုပ်အခန်းသို့ ဓာတ်လှေကားဖြင့် တက်သွားလေသည်။

彡Unexpected true love彡(Completed )Where stories live. Discover now