🖤13🖤

1.9K 133 25
                                    

Unicode

Taehyung တစ်ယောက်ခါးနားမှာ တစ်ခုခုဖိထားသလို ခံစားရတာကြောင့် လှည့်ကြည့်လိုက်တော့ jungkook လက်မောင်းဖြစ်နေသောကြောင့် jungkook မနိုးခင်ထလိုက်ပြီး  jungkook နဖူးအားစမ်းကြည့်လိုက်တော့ အဖျားငွေ့ငွေ့လေးတော့ကျန်သေးသည်။

"jungkook ထတော့...ဆေးလိမ်းဆေးသောက်ရမယ်..."

"ခနလေး..."

နိုးနေပြီဖစ်သောလည်း ပြန်လှည့်လှည့်အိပ်နေသောကြောင့် Taehyung လဲစိတ်မရှည်တော့ပဲ...။

" အဲ့ဒါဆို ငါပြန်တော့မယ် ကိုယ့်ဘာသာဆေးထည့်လိုက်တော့နော်..."

Taehyung ပြန်တော့မယ် ပြောလိုက်မှ ကောက်ခါငင်ခါထလာပါသော် jungkook...။

"ခင်ဗျားရေချိုးပြီး ကျုပ်ကို ဆေးထည့်ပေးပြီးမှသွား..."

"အဝတ်အစားမှ မရှိတာ..."

"ကျုပ်ထုတ်ပေးထားမှာမို့ ချိုးစရာရှိသွားချိုး..."

Taehyung လဲ jungkook အားခေါင်းငြိမ့်ပြကာ jungkook ထုတ်ပေးထားသော အဝတ်အစားအားယူကာ ရေချိုးခန်းထဲဝင်သွားသည်။

ဆရာဝန်ရေချိုးခန်းထဲ ဝင်သွားမှ jungkook လဲဘေးခန်းကိုသွားကာ မျက်နှာသစ်သွားတိုက် ရေချိုးလိုက်သည်။

မျက်နှာကစုတ်ပြတ်သတ်ကာ ရုပ်တောင်မပေါ်ချင်တော့တာကြောင့် သူ့အား ရိုက်သွားသောကောင်တွေအား အသေ သတ်ပစ်ချင်နေပြီဖြစ်သည်။

ရေမိုးချိုးပြီး ကိုယ့်အခန်းကိုယ်လာတော့ ဆရာဝန်က သူ့ထုတ်ပေးထားတဲ့ စပုိ့ရှပ်အနက်နဲ့စတိုင်ပင်အားဝတ်ထားကာ ခေါင်းရေသုတ်နေရင်း စတုိင်ပင်ဘောင်းဘီမှာ jungkook အရှေ့တည့်တည့်မှာပင် ကျွတ်ကျလေသည်။

ဘောင်းဘီကျွတ်ကျတဲ့ ဆရာဝန်က မျက်နှာတွေနီရဲကာ သူ့အားလှမ်းကြည့်ပြီး အမြန်ပင် ဘောင်းဘီပြန်ဆွဲဝတ်ပုံကြောင့် jungkook ယုန်သွားလေးမနားပင် ပေါ်အောင် ရီမိသွားသည်။

jungkook မေ့သွားတာ ဆရာဝန်ကသူ့ထက်စခနာကိုယ်သေးတာကို အသစ်ဝယ်ထားတဲ့ အကျီနဲ့ဘောင်းဘီတွေပေးလိုက်သောကြောင့် ချောင်နေခြင်းဖြစ်သည်။

စပုိ့ရှပ်တောင်မ ထိုဆရာဝန်နဲ့ပွနေသေးသည်။

"ရား မင်းတမင်လုပ်တာမလား နောက်တစ်ထည်ပေးဒါကငါနဲ့အရမ်းချောင်နေတယ် ဘောင်းဘီက..."

彡Unexpected true love彡(Completed )Where stories live. Discover now