🖤15🖤(final)

2.8K 136 41
                                    

Unicode

ဆေးရုံမသွားမနက်တိုင်း လာခေါ်နေသည်မှာ ၁လလောက်ရှိပြီဖြစ်သည်။

Taehyung ကလာမခေါ်မို့ပြောလဲ သူကချစ်လို့လာခေါ်တာပါဆိုပြီး လူဆိုးကောင်က မရမကလာလေသည်။

"Tae...မောင်ရောက်ပြီ..."

Taehyung သူ့ကိုအဖြေမပေးရသေးသော်လည်း jkကမူသူ့ကိုယ်သူ"မောင်"ဟု သုံးနှုန်းပါသည်။

Taehyung ကနားရှက်စရာမို့ မပြောဖို့ ပြောသော်လည်းမရပါ။.

ထို့ကြောင့် ကြိုက်သလိုပြောပါစေဆိုပြီ လွှတ်ထားပေးလိုက်သည်။

"အင်းပြီးပြီ..."

အခန်းရှေ့မှအော်နေသော jungkook အားအခန်းတံခါးဖွင့်ပေးကာ ပြောလိုက်သည်။

အိမ်ကိုအဝင်အထွက် လုပ်ခွင့်ပေးထားသော မေမေကြောင့် jungkook ကခနတိုင်းအိမ်လာလေ့ရှိသည်။

"အော်မနေပဲ ခနထိုင် skin care လိမ်းလိုက်အုံးမယ်..."

jungkook က မှန်တင်ခုံတွင် skin care ထိုင်လိမ်းနေသော Taehyung အား တစိမ့်စိမ့်အနောက်မှ ကြည့်နေရင်းမှ ထလာကာ Taehyung မျက်နှာချင်းဆိုင်တွင် ဒူး​ထောက်ထိုင်လိုက်ပြီး...။

"Taeက အရမ်းလှတာပဲ ခေါင်းအစခြေအဆုံးပဲ..."

ရုတ်တရက်ပြောလာသော jungkook ကြောင့် Taehyung လက်သီးဆုပ်လေးတင်းကြပ်သွားရသည်။

"ရှက်ပြီး လက်သီးမဆုပ်ထားပါနဲ့ဗျာ လက်နုနုလေးတွေ နီရဲကုန်မှဖြင့် ..."

jungkook သည် Taehyung လက်ကို ခပ်ဖွဖွကိုင်လိုက်ကာ...။

"ကြိုးရှည်ရှည်နဲ့ မောင့်ကိုဘယ်အချိန်ထိ လှမ်းထားဉီးမှာလဲ Tae...စိတ်မပူပါနဲ့ မောင်က Taeစီကအဖြေကိုစောင့်နေမှာပါ..."

"အင်း ... ဆေးရုံလိုက်ပို့..."

ထိုသို့​ပြောပြီး Taehyung ကအရှေ့ကထွက်သွားသောကြောင့် jungkook... အနောက်ကနေလိုက်ရတော့သည်။

Taehyungကို ဆေးရုံလိုက်ပို့ပီးတော့ jungkook လဲ Taehyung ကိုလက်ထပ်ပီးရင်ကောင်းကောင်းထားနိုင်ဖို့အတွက် ဒယ်ဒီကို korea တွင် Company ခွဲဖွင့်ခိုင်းကာ CEOလုပ်နေသည်။

တစ်ခါတစ်လေ Taehyung အား Companyခေါ်ပေမဲ့ တစ်ခါမှမလိုက်ရသေးပေ...။

တစ်ရက်တော့ သေချာပေါက် ရုံးခန်းထဲရအောင်ခေါ်မည်ဟု jungkook တေ့ထားလိုက်သည်။

You've reached the end of published parts.

⏰ Last updated: Mar 13 ⏰

Add this story to your Library to get notified about new parts!

彡Unexpected true love彡(Completed )Where stories live. Discover now