Part - 1

50.6K 167 0
                                    

Unicode

ရန်ကုန်မြို့အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်အရပ်ခြောက်ပေနှစ်လက်မရှိပြီးတောင့်တင်းသောပခုံးချွန်ထက်သောမေးရိုးတို့ဖြင့် မြင်သမျှမိန်းမပျိုတိုင်းသဘောကျဖွယ်ရုပ်ရေကိုပိုင်ဆိုင်ထားသည့်လူတစ်ယောက်စမတ်ကျကျလမ်းလျှောက်လာသည်။ သူ့နာမည်ကသူရိန်ထွဋ်ခေါင်။ USမှာကျောင်းတက်ပြီး၇နှစ်အကြာမှမြန်မာပြည်ကိုပြန်အခြေချခြင်းဖြစ်သည်။

"ကိုကြီး"

သူရိန်ထွဋ်ခေါင်ကိုမြင်လိုက်သည်နှင့်ညီမဖြစ်သူဇမ္ဗူထွဋ်ခေါင်ကလှမ်းခေါ်ကာသူ့အနားသို့လျှောက်လာသည်။ မတွေ့ရတဲ့အချိန်အတွင်း ညီမလေးကအပျိုလေးတောင်ဖြစ်လာပြီး အရမ်းလှလာသည်။ ဘေးမှာဖေဖေနှင့်မေမေကလဲသူ့ကိုပြုံးကာကြိုဆိုနေသည်။

"လေယာဉ်စီးရတာပင်ပန်းလားသား"

"နည်းနည်းပါ"

"လှည်းကူးအိမ်မှာနေမလား ညီမလေးကွန်ဒိုမှာနေမလား"

သူတို့မိသားစုမှာမေမေနဲ့ဖေဖေကလှည်းကူးမှာနှစ်ယောက်ထဲနားအေးပါးအေးနေတာဖြစ်ပြီး ညီမလေးနဲ့သူကတေ့ာမြို့ထဲကကွန်ဒိုမှာနေတာဖြစ်သည်။ သူUSသွားနေတုန်းတေ့ာ ညီမလေးတစ်ယောက်ပဲ ကွန်ဒိုမှာနေခဲ့တာ။ ဒါကြောင့်သူပြန်ရောက်တေ့ာမေမေက ဘယ်မှာနေမလဲမေးတာဖြစ်သည်။

"ဇမ္ဗူနဲ့ပဲနေလိုက်မယ်မေမေ လှည်းကူးအိမ်မှာကြတေ့ာမြို့ထဲနဲ့ကားမောင်းရမှာကြာလို့ ပြီးတေ့ာ ဒီအရှုပ်ထုပ်ကိုလဲစောင့်ကြည့်ချင်လို့"

ဘေးမှာရှိတဲ့ညီမလေးကို မျက်စပစ်ပြကာမေမေ့ကိုပြန်ပြောတေ့ာ မကျေမနပ်မျက်စောင်းတစ်ခုကိုရလိုက်သည်။

"ဘာအရှုပ်ထုပ်လဲကိုကြီးနော် တစ်ဦးတည်းသောညီမလေးကို"

"အခုတောင်ပြန်လာတာ နင်မှာတဲ့အထုပ်တွေနဲ့ပဲငါ့ luggageပြည့်နေပြီလေ အဲ့ဒါရှုပ်တာမဟုတ်လို့ဘာလဲ"

သူရိန်ထွဋ်ခေါင်ပြောနေတာအမှန်တရားမို့ဇမ္ဗူထွဋ်ခေါင်မှာပြန်ခံမပြောနိုင်ဘဲ မကျေမနပ်နှာခေါင်းလေးကိုသာရှုံ့လိုက်ရတေ့ာသည်။ တော်ကြာသွားပြောလို့ မှာထားတဲ့ဟာတွေမပေးရင်ဘယ်လိုလုပ်မလဲ။

သူငယ်ချင်းရဲ့အကို ကိုမြှူဆွယ်မယ်Where stories live. Discover now