Part - 5

48.9K 132 0
                                    

Unicode

ဇမ္ဗူနဲ့ ရွှန်းက private university တစ်ခုကိုအတူတူတက်နေတာဖြစ်သည်။ ကိုကိုပြန်ရောက်တဲ့အချိန်ကစပြီး ရွှန်းတို့ကျောင်းသွားကျောင်းပြန်ကို ကိုကိုပဲကားနဲ့အပို့အကြိုလုပ်တာဖြစ်သည်။ ဒီနေ့ ဇမ္ဗူက သွားစရာရှိလို့ အရင်ပြန်သွားတာမို့ ရွှန်းတစ်ယောက်ထဲ ကိုကိုလာအကြိုကိုစောင့်နေတာပင်။ ကျောင်းသား ကျောင်းသူတွေအကုန်ပြန်သွားတဲ့အထိ မလာသေးတာမို့ ရွှန်းဖုန်းကိုထုတ်ပြီး ကိုကိုဆိုတဲ့ contactလေးကိုနှိပ်လိုက်သည်။

" ကိုကို မလာသေးဘူးလား"

"Sorryကွာ မီတင်တစ်ခုရှိလို့ နည်းနည်းနောက်ကျသွားတယ် ကိုကိုရောက်တေ့ာမယ်နော် ခဏပဲစောင့်"

"ဟုတ် ကားကိုဂရုစိုက်မောင်းနော်"

စိုးရိမ်သလိုသတိပေးလာတဲ့စကားသံလေးကြောင့်သူပြုံးလိုက်မိသည်။

"ဟုတ်ကဲ့ပါဗျာ ဖုန်းချပြီနော် ချစ်တယ်ဘေဘီ"

"ချစ်တယ်"

..........

"Ring Ring Ring"

"ကိုကိုရောက်ပြီနော် ဘေဘီ ဘယ်နားမှာလဲ စောင့်နေကြနေရာမှာမတွေ့လို့"

"အာ ရွှန်း အခုtoiletထဲမှာ ခဏစောင့်ပေးနော် လာခဲ့မယ်"

Toiletထဲမှာဆိုတဲ့ ဘေဘီ့စကားကြောင့် သူ့ခေါင်းထဲမှာ ညစ်ကျယ်ကျယ်အတွေးကချက်ချင်းဝင်လာတာမို့

"ဘေဘီ toiletဘယ်နှစ်ခန်းမြောက်မှာလဲ"

"နံရံဘက်အစွန်ဆုံးအခန်းမှာ ဘာဖြစ်လို့လဲ"

"အိုကေ"

တီ

ရွှန်းမေးတာကိုမဖြေပဲ ဖုန်းချသွားတဲ့ ကိုကို့ကြောင့်ကြောင်သွားရသည်။ ဒီတိုင်းပဲ မေးတာဖြစ်မှာပါလေ...

"ဒေါက် ဒေါက်"

"လူရှိတယ်"

"ဒေါက် ဒေါက် ဒေါက်"

"ကျွီ"

"ကျစ် လူရှိပါတယ်ဆို ဘယ်လိုဖြစ် ဟင် ကိုကို..အွန့်"

"ဒုန်း"

လူရှိတယ်ပြောတာတောင် Toiletတံခါးကိုခေါက်နေတာကြောင့် ကိစ္စရှင်းပြီး တံခါးကိုဖွင့်လိုက်တေ့ာ တံခါးရှေ့မှာ ရပ်နေတာက ကိုကို။ အံ့ဩလို့တောင်မဆုံးခင် toiletထဲအတင်းတိုးဝင်ပြီး အသံမထွက်နိုင်အောင် ရွှန်းနှုတ်ခမ်းကို ဖိကပ်နမ်းနေတဲ့ ကိုကို့ကြောင့် အသက်တောင်မနဲလုရှုရသည်။

သူငယ်ချင်းရဲ့အကို ကိုမြှူဆွယ်မယ်Where stories live. Discover now