ဆူး (၂)

264 30 2
                                    

- အေးစက်စက် ထမင်းစားဝိုင်းက အပြင်လူအနေနဲ့ကြည့်လျှင် တိတ်ဆိတ်ခြောက်ကပ်ကာ ခြောက်ခြားဖွယ်ဖြစ်နေခဲ့သည်။ -

" ဒယ်ဒီအကုန်လုံးရှင်းလိုက်မှာမလို့ အဲ့ကိစ္စတွေကသားနဲ့လုံးဝမသက်ဆိုင်ဘူး။ အကုန်မေ့ပစ်လိုက်။ ဒယ်ဒီပြောတာနားလည်လား ဂျယ်ဟျွန်း။ "

" ဟ..ဟုတ် ဒယ်ဒီ။ သားနားလည်ပါပြီ။ "

" ရီဝူး! ထယ်ဆန်း! မင်းတို့လည်းဒီကိစ္စကိုမေ့ပစ်ရမယ်။"

" ဟုတ် အန်ကယ်"

" ..... "
-

- ပြန်စာမရသောထယ်ဆန်းကိုလှမ်းကြည့်ပြီးပြောလိုက်သည်။ -

" ထယ်ဆန်း!! သတိကပ်ထား။ မင်းကမကြာခင်တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေရတော့မှာ။ စာကိုဘဲအာရုံစိုက်။ ဒယ်ဒီမင်းကိုတော့စိတ်ချပါရစေ။ "

" ထယ်ဆန်း! ဟျောင်းတို့အပေါ်မှာစာသွားကြည့်ကြရအောင်။ "

- ရီဝူးက ထယ်ဆန်းလက်ကိုဆွဲကာ အပေါ်သို့တက်သွားခဲ့သည်။ ထိုအချိန်အမျိုးသမီးတစ်ယောက်ဝင်လာခဲ့ပြီး ဂျယ်ဟျွန်းပုခုံးကိုကိုင်လာခဲ့သည်။ -

" ယောက်ျား!
သားငယ်ရဲ့အခြေအနေဘယ်လိုရှိသေးလဲ။
ဟျွန်းလေး သားရောအဆင်ပြေရဲ့လား။ "

" ပြေပါတယ် မာမီ။ "

" ကိုယ်အခုချိန်စိတ်ပူနေတာ ဂျယ်ဟျွန်းမဟုတ်ဘဲနဲ့ ထယ်ဆန်းကိုဘဲ မိန်းမရေ။ သားစိတ်ထဲမှာဒီကိစ္စကိုတွေးနေပြီးတစ်ခုခုဖြစ်မှာဘဲစိုးရိမ်တယ်။ "

" သားတောင်းပန်ပါတယ်။ ဒီကိစ္စတွေအားလုံးက ကျွန်တော့်ရဲ့မွေးမိခင်ရင်းကြောင့်ဖြစ်ရတာ။ ထယ်ဆန်းကိုမြင်ရင်အားနာလွန်းလို့မျက်နှာမပြချင်တော့ဘူး။ "

" သားအပြစ်မှမဟုတ်တာ သားရယ်။ ထယ်ဆန်းလည်းကောင်းသင့်သလောက်ကောင်းနေပါပြီ။ ပြီးတော့ မင်းကိုလည်းထယ်ဆန်းကခွင့်လွှတ်ပါတယ်။ "

" ကဲ ဂျယ်ဟျွန်း...သားလည်းပင်ပန်းနေမှာဘဲ။ သွားနားတော့လေ။ ဒယ်ဒီတို့အပြင်သွားလိုက်ဦးမယ်။ "

" ဟုတ် ဒယ်ဒီ"

Jaehyun POV:

- ထယ်ဆန်းက သူ့မိထွေးနဲ့ဒယ်ဒီတို့ရဲ့သားဖြစ်ပြီးတော့သူရဲ့ညီအရင်းလိုချစ်ရတဲ့လူတစ်ယောက်ပါ။ ဒါပေမဲ့ လွန်ခဲ့တဲ့တစ်နှစ်က ကားမတော်တဆမှုကြောင့် သူတို့မိသားစုကြီးကြီးမားမားထိခိုက်ခဲ့ရတယ်။ ထယ်ဆန်းကတော့အများဆုံးဘဲပေါ့။ ပြီးတော့ မတော်တဆမှုကိုဖြစ်အောင်လုပ်ခဲ့တဲ့လူက သူ့အမေတဲ့။ လုံးဝကိုမယုံချင်စရာကြီးမလား။ အဲ့ဒါကြောင့်ဘဲထယ်ဆန်းကိုမျက်နှာမပြဝံ့ဘူး။ -

Deep End (ဆူး) (Hiatus)Where stories live. Discover now