...♡///

594 77 15
                                    

"ဗျာ!ကျွန်တော့်ကိုအိမ်ထောင်ချပေးမလို့ဟုတ်လား ဒယ်ဒီ"

အလုပ်ကပြန်ရောက်ရောက်ချင်း ဒယ်ဒီကသူ့စာကြည့်ခန်းထဲကိုခေါ်တော့ အလုပ်ကိစ္စပြောစရာရှိလို့ပဲထင်ခဲ့မိသည်။ မကြာသေးခင်ကလည်း အလုပ်မှာသူတာဝန်ယူထားတဲ့အပိုင်းကပြဿနာလေးနည်းနည်းရှိလို့ ဒယ်ဒီကအကြံဥာဏ်တွေအများကြီးခေါ်ပေးခဲ့သေးတာကြောင့် အခုတစ်ခေါက်လည်း အလုပ်အကြောင်းပဲထင်နေတာကို မထင်ထားတဲ့လက်ထပ်ဖို့ကိစ္စနားချဖို့အတွက် အလုပ်ခန်းထဲသူ့မာမီပါရှိနေခဲ့သည်။ ပုံမှန်ဆိုမာမီကသူ့ဘာသူပန်းအိုးထိုးတဲ့ကိစ္စနဲ့အလုပ်ရှုပ်နေတတ်တာ...

"တစ်ခြားလူမဟုတ်ပါဘူးသားရယ် ဒယ်ဒီ့သူငယ်ချင်းရဲ့သားလေးပါ သူတို့မိသားစုနဲ့ဒယ်ဒီတို့နဲ့ကဟိုးကတည်းကသိကြတာ ပြီးတော့ ကောင်လေးကဆရာဝန်တဲ့သားရဲ့ ပညာတတ်လူရည်လူမွန်လေးပါ"

ဂျေးကဒယ်ဒီ့စကားအဆုံးသက်ပြင်းသာချမိကာ သူ့မိဘတွေကိုတစ်လှည့်စီအကြည့်ပို့ပြီး

"ကျွန်တော်ကကိုယ်ချစ်နဲ့လူကိုတကယ်ပဲ လက်မထပ်ရဘူးလား"

"ဘယ်မှာလဲမင်းချစ်တဲ့လူ!" ဒယ်ဒီကတင်းထားသမျှဖြည်ချလိုက်သလိုက်သလိုကိုအော်တော့သည်။

"ဒါကတော့ မတွေ့သေးလို့လေဒယ်ဒီရာ"

"မတွေ့ဘူးဆိုပြီးဆင်ခြေမပေးနဲ့  ရှာကိုမရှာတာလေမင်းက တစ်ပတ်မှာ၆ရက်လုံးအလုပ်တွေသိမ်းကျုံးလုပ်တယ် နားတဲ့၁ရက်ကြ မင်းရဲ့ဂစ်တာခန်းထဲမှာပဲအချိန်ကုန်နေတာလေ မင်းအရွယ်မှာ သူများတွေမိသားစုကိုယ်စီနဲ့ဖြစ်နေကြပြီ ဘယ်ချိန်ထိမင်းဒီလိုလုပ်နေမှာလဲ"

"ကျွန်တော်ကအိမ်ထောင်တစ်ခုဦးစီးဖို့ အဆင်သင့်မဖြစ်သေးဘူးလေဒယ်ဒီ..."

ဂျေးကတကယ်ထွက်ပြေးချင်လာပြီ တစ်ယောက်တည်းနေချင်တာက ဘာမှားနေလို့လဲ...

"မင်းရဲ့ဝင်ငွေနဲ့က အိမ်ထောင်တစ်ခုတင်မကဘူး မင်းရဲ့ကလေးကိုပါကမ္ဘာ့အကောင်းဆုံးကျောင်းထားနိုင်တဲ့ထိ လုံလောက်နေပြီ ဘာကိုအဆင်သင့်မဖြစ်သေးဘူး ငြင်းချင်နေတာလဲ"

Are you Ready???Where stories live. Discover now