အဆုံးမဲ့ မျောလွင့်နေသော မြူခိုးများနှင့် System areaတစ်ခု။ထိုနေရာသို့ ရောက်ရှိလာသော အသစ်စက်စက်ဝိဉာဉ်လေးတစ်ကောင်။ထိုဝိဉာဥ်သည် အခြားသော ဝိဉာဉ်များနှင့် မတူစွာ မည်သည့် အငြိုး၊ကလဲ့စားချေလိုမှုများ တစ်ခုပင်မရှိဘဲ ဤsystem နေရာသို့ ရောက်ရှိလာခြင်းသည် အထက်အကြီးအကဲများကို လွန်စွာ ခေါင်းခဲစေလေသည်။
“မင်း သူ့ကို ဘယ်လိုလုပ်ဖို့စဉ်းစားထားလဲ Zearn”
“ဘယ်လိုလုပ်ရမလဲ...အရင်ရောက်လာတဲ့ ဝိဉာဉ်တွေလိုပဲ missions တွေလုပ်ခိုင်းရမှာပေါ့”
“ဒါပေမယ့် မင်းမေ့နေတာလား။ငါတို့ System areaမှာ ရှိတဲ့ ဝိဉာဉ်တွေအကုန်လုံးက အငြိုးတွေ ကလဲ့စားတွေနဲ့ ပြည့်နှက်နေတာလေ။အဲ့လို ဝိဉာဉ်တွေထဲမှာ မင်းလည်းပါဝင်နေတယ်ဆိုတာလေ။သူသာ ဒီမှာဆက်ရှိနေမယ်ဆိုရင် သူ့ရဲ့ ဘဝစက်ဝန်းတွေအကုန် ကမောက်ကမတွေ ဖြစ်ကုန်လိမ့်မယ်။”
“ဒါဆို ဘာလို့ အထက်က ဘိုးတော်တွေက သူ့ကို ဒီနေရာပို့ခဲ့သေးလဲ။သူတို့ ဒီကိုပို့လာပြီဆိုကတည်းက ကျွန်တော်လည်း ကျွန်တော့်တာဝန်အတိုင်း သူ့ကို System zone ထဲထည့်ပြီး အပြိုင်ကမ္ဘာတွေကို လည်ပတ်စေရမာပဲ။”
“ဒါမယ့် .....”
---------------------------------
“System number 807မှ ကြိုဆိုပါတယ် မိန်းကလေး”“....”
သူ့ကို ပြူးကြောင်ကြောင်လေးကြည့်နေသော ဖြူစွတ်စွတ် မိန်းကလေးကို ကြည့်ရင်း Master Zearn၏ စကားများကို ပြန်တွေးမိသည်။
“ဒီမိန်းကလေးကို သေချာစောင့်ရှောက်ပေးလိုက်ပါ။သူမက ဘာအငြိုးမှ မရှိဘဲ ဒီကမ္ဘာကိုရောက်လာတဲ့သူမလို့ missions ထမ်းဆောင်ရာမှာ နည်းနည်းတော့ လိုအပ်ချက်တွေ ရှိကောင်းရှိနိုင်လိမ့်မယ်။ဒါကြောင့် မင်းကို ဒီတာဝန်ပေးလိုက်ရတာပဲ။သူမကို သေချာ သင်ကြားလိုက်ပါ။”
ဟူးးးးးးး တကယ်ကို မာစတာပြောခဲ့တဲ့အတိုင်း သူမက တကယ်ကို ဘာအငြိုးအတေးတစ်ခုမျှမရှိဘဲ ဒီလောကကိုရောက်လာတဲ့သူပဲ။သူမမျက်ဝန်းတွေက သလင်းကြည်ကျောက်တုံးလေးလို ထြူစင်အေးချမ်းနေကာ ကြယ်အပြည့်ထည့်သွင်းထားတဲ့ ညကောင်းကင်ကြီးလို တလက်လက်ဖြစ်နေလေသည်။နှင်းဆီနီရောင် နှုတ်ခမ်းပါးလေးဟာ ဖူးအိနေကာ ပါးမို့မို့လေးနှစ်ဖက်ဟာလည်း ချယ်ရီရောင်ပြေးနေလေသည်။ဖြူလျော့လျော့ခန္ဓာကိုယ်လေးသည် ဝိဉာဉ်ပေမို့ ပိုမိုအားနည်းကာ တိုက်ခိုက်ရလွယ်ကူသည့်ပုံပေါ်နေလေသည်။
“ဟိုလေ ကျွန်မ တစ်ခုမေးလို့ရမလား ဟင်”
“မေးပါ Host...မေးသမျှကို တတ်နိုင်သလောက် ပြန်ဖြေပေးသွားပါ့မယ်။”
“ကျွန်မက ဘယ်သူလဲ ပြီးတော့ ဒီနေရာကို ဘယ်လိုရောက်လာတာလဲ?”
“ဟမ် Host....hostတကယ် ဘာမှမသိတော့တာလား!!”
....
သူပြောတာကို ကြောင်တောင်လေး ငေးကြည့်နေသည့် သူ့Hostကြောင့် သူ စိတ်ပျက်လက်ပျက်ဖြစ်သွားလေသည်။တကယ်ကို ဘာမှမသိဘဲ ရောက်လာတဲ့လူပါပေတကား။ယုန်သူငယ်လေးလိုဖြစ်နေတဲ့ သူ့Hostကို ကြည့်ပြီး သူဆုံးဖြတ်ချက်တစ်ခုချလိုက်သည်။ဘာပဲဖြစ်လာဖြစ်လာ သူHostကို ရအောင်ကာကွယ်မည်ဟူ၍။
---------------------------------
“Zearn မကောင်းတော့ဘူး။သူ ပြန်လာပြီ”
သလွန်ပေါ်တွင် လက်ပေါ်ခေါင်းထောက်တင်က လှဲနေသည့် Zearnသည် ထိုစကားကို ကြားသော်လည်း တုတ်တုတ်မျှ မတုန်လှုပ် အဆုံးစွန် မျက်လုံးလေးတောင် ဖွင့်မလာဘဲ သူ ဘယ်အရာကိုမှ မကြားလိုက်သလို လှဲနေဆဲပင် ဖြစ်သည်။
ငွေမှင်ရောင်ဝတ်စုံဝတ်ထားသော လူသည် Zearn ၏ တုံ့ပြန်မှုကို တွေ့သောအခါ ပြောစရာပျောက်ဆုံးသွားကာ “မင်းလို ရေခဲတောင်ကိုမှ လာပြောပြမိတဲ့ ငါမှားတာပါ”ဟုဆိုကာ အဆောင်အတွင်းမှ ထွက်သွားလေသည်။
ထိုသူထွက်သွားသည်နှင့် မှိတ်ထားသော Zearn ၏ မျက်လုဲးများ တဖြည်းဖြည်းဖွင့်လာသည်။ထို့နောက် နှုတ်ခမ်းပါးများ တွန့်ရုံပြုံးလိုက်ကာ
“ System လောကကနေ ပြန်လည်ကြိုဆိုပါတယ် မီးငှက်အရှင်”
---------------------------------