>>>>>>>>
ရက်အနည်းငယ်ကြာသည်အထိ Noon နဲ့ Praewa တို့ မတွေ့ဖြစ်ကြသလို အဆက်အသွယ်လည်း မလုပ်ဖြစ်ကြပေ နောက်ပြီး Praewa တိုက်ခန်းလေးကို Noon တစ်ယောက် ထိုနေ့ပြီးကတည်းက ရောက်မလာခဲ့တာ တစ်ပတ်လောက်ရှိခဲ့ပြီဖြစ်သည်...
မလာတဲ့သူကိုမျှော်နေတဲ့သူရယ် မခေါ်တဲ့သူ့ဆီကိုသွားဖို့တွန့်ဆုတ်နေတဲ့သူရယ် ဒီလိုနဲ့ နှစ်ယောက်ကြားမှာ ကွက်လပ်လေးတွေ ခြားလို့နေတော့သည်...
>>>>>>>>>>
Praewa's POV
______________ဆိုင်မှာ ဝန်ထမ်းအသစ်တွေထပ်ခန့်ထားလို့
ဒီနေ့တော့ Belle နဲ့အတူ off day ဖြစ်သည်~ ခါတိုင်းဆို ညနေပိုင်းဆင်းတဲ့သူက Belle ရယ် တခြားနှစ်ယောက်ရယ် လေးယောက်ထဲရှိတာမို့ နားရက်နဲသလို ပိုလည်းပင်ပန်းသည်~ အခုတော့ ညနေပိုင်းဆင်းတဲ့ ဝန်းထမ်းနှစ်ယောက်ထပ်ခန့်ထားတော့ ခြောက်ယောက်ဖြစ်သွားပြီမို့ တစ်ပတ်ကို ၂ရက် နားရက်ရသည်~ လကုန်ခါနီးစာမေးပွဲလည်းရှိတာမို့ ဘာပဲဖြစ်ဖြစ် အခုလိုစီစဥ်ပေးတဲ့ P'Tun ကို ကျေးဇူးတင်ရမည်)~~~~~
ဒီနေ့တော့ အားနေကြတာနဲ့ hang out မလုပ်တာကြာလို့ စိတ်ပြေလက်ပျောက်ဖြစ်အောင်သူငယ်ချင်းနှစ်ယောက် shopping ထွက်ရင်း ညနေစောင်းလာတော့ restaurant တစ်ခုမှာ ဝင်ထိုင်လိုက်ကြသည်~
ခဏအကြာ...
မှာထားတာလေးတွေရပါပြီရှင့်~
ဟုတ် ကျေးဇူးပါ~~
မှာထားတဲ့အစားအသောက်တွေလာချပြီမို့ စားရင်းသောက်ရင်း သူငယ်ချင်းနှစ်ယောက် လေပေါနေလိုက်ကြသည်~~~~
××××××××××××
ဒါနဲ့ Praewa!! နင့် P'Noon ကို ခုတလော မတွေ့ပါလား~ ဘာလဲနင်တို့ရန်ဖြစ်ထားကြတာလားး