Always ~ (Part - 02)

793 63 11
                                    

>>>>>>>>>>>>>

Noon's POV
_____________

9:30 AM 🕤

ပြတင်းပေါက်မှ တိုးဝင်လာတဲ့ နေရောင်အလင်းတန်းကြောင့် မျက်လုံးများကိုဖြည်းညင်းစွာဖွင့်ကြည့်လိုက်တယ်ဆိုရင်ပဲ မရင်းနှီးတဲ့ မျက်နှာကျက်ကိုမြင်လိုက်ရသည်~ အုံခဲပြီး တဆစ်ဆစ်ကိုက်နေတဲ့ မျက်ရိုးနဲ့ဦးခေါင်းတို့ကိုနှိပ်ကာ လှည့်ပတ်ကြည့်လိုက်သည့်အခါ...

ဟင်~ ဒါဘယ်နေရာလဲ

ငါ... ငါဘယ်ရောက်နေတာလဲ

မနေ့ညက ငါသောက်တာများသွားတယ်ထင်တယ် ဒါကဘယ်သူ့အခန်းလဲ ငါကရောဒီကို ဘယ်လိုလုပ်ပြီးရောက်လာတာလဲ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

မနေ့ညက ငါသောက်တာများသွားတယ်ထင်တယ် ဒါကဘယ်သူ့အခန်းလဲ ငါကရောဒီကို ဘယ်လိုလုပ်ပြီးရောက်လာတာလဲ

အား ခေါင်းကိုက်လိုက်တာ... 🤕

ဖုန်းကိုဖွင့်ကြည့်တော့ စက်ပိတ်နေပြီဖြစ်သည် အားသွင်းဖို့လိုနေပြီမို့ အားသွင်းကြိုးရှာရန် ဟိုဟိုဒီဒီလိုက်ရှာကြည့်လိုက်သည့်အခါ အိပ်ယာဘေးက စားပွဲပေါ်မှာ သံပုရာရည်ခွက်တစ်ခွက်နှင့်အတူ စာရွက်လေးတစ်ရွက်ကိုတွေ့လိုက်ရသည်

"ခေါင်းကိုက်ပြေသွားအောင် ဒီသံပုရာရည်လေးသောက်လိုက်ပါနော်"

အခန်းထဲက အိပ်ယာနဲ့အသုံးဆောင်ပစ္စည်းတွေကိုကြည့်ရတဲ့ပုံစံအရ ဆယ်ကျော်သက်မိန်းကလေးပဲဖြစ်မည်ဆိုတာကို ခန့်မှန်းလို့ရနိုင်သည် ဒီလိုဖုန်းကိုအားသွင်းလိုက်ပြီး စက်ပွင့်လာအောင်ခဏထိုင်စောင့်နေလိုက်သည်

ဘယ်သူလဲ မသိပေမယ့်ကျေးဇူးတင်ပါတယ်

တညလုံးမူးပြီးရေဆာနေတာမို့ တင်ပေးထားတဲ့ သံပုရည်ခွက်ကို ရေသောက်သလိုသောက်ချပစ်လိုက်သည်

Always || NoonPraewa Where stories live. Discover now