Chapter 6

236 17 1
                                    

အခန်း(၆)- ဧကန်မုချမျှော်လင့်ချက်ကင်းမဲ့လျက်

"ဒါကတကယ့် မတော်တဆပါ..ဟိုလေ ရှင် နစ်နာတယ်လို့ ထင်ရင် ကျမကို ပြန်ထိလိုက်လို့ရတာပဲလေ.." ကုပိုင်လု ဟာ စိတ်ရင်းဖြင့် အကြံပြုနေလေရဲ့..

ဖုန်းချင်ထျန်မှာမူ ပိုအေးစက်လာပြီး" မင်းက ငါ့ကိုထိတဲ့သူတွေထဲက ပထမဆုံး မသေတဲ့‌တစ်ယောက်ပဲ"

" ကျမအတွက်ဂုဏ်ယူစရာပါ.အဲ့ဆို ကျမကို လွှတ်ပေးလို့ရမလားဟင်.. ရှင်ဆွဲညစ်ထားလို့
ကျမမျက်နှာ ပုံပျက်တော့မယ်ရှင့်" ကုပိုင်လု အပြုံးတုဖြင့်ပြုံးပြလိုက်သည်။

ဖုန်းချင်ထျန် သူမကို စိုက်ကြည့်နေ၏။ လေထုမှာမူ ပိုအေးစက်လာကာ ဘယ်သူမှ စကားမပြောရဲပေ။

ဒီမိန်းကလေးရဲ့ မေးစိတော့ ကြွေမွသွားတော့မှာလား?

"မင်းသားကျိ.. တခုခုလိုအပ်ရင် ကျတော့ကို အမိန့်ပေးလိုက်ပါဗျာ..ကျတော့်ရဲ့ အဖိုးမတန်တဲ့ သမီးက မင်းသားကို စိတ်တိုအောင်လုပ်မိရင် ကျတော် သူ့ခြေထောက်ကို ရိုက်ချိုးပြီး အပြစ်ပေးလိုက်ပါမယ်။ခရီးအဝေးကြီးကနေ လာခဲ့ရာတာ ပင်ပန်းနေမှာပဲ.. ကျတော့်အိမ်ထဲ ဝင်နားပါလားဗျာ.."

တစ်ယောက်သောသူဟာ ပြေးထွက်လာပြီးအေးစက်နေသော လေထုအခြေနေကို ဖြိုခွင်းလိုက်၏။

ဗိုလ်ချုပ် ကု ဟာ အိမ်ထဲမှာ အလုပ်များနေရာ အစေခံများ သူ့ကို အဖြစ်အပျက်တွေအကြောင်းကြားမှသာ သူချက်ချင်းပြေးထွက်လာခြင်းဖြစ်၏။

ဖုန်းချင်ထျန်ဟာ ကုပိုင်လုကို စိုက်ကြည့်လျက် သူမကို လွတ်ပေးလိုက်ပြီး အိမ်ထဲ ဝင်သွားလေသည်။

သူထွက်သွားပြီးနောက်..ဗိုက်ချုပ်ကုမှာ ကုပိုင်လုကို ဆူလေ၏
"မင်း ဘယ်လိုတောင် မင်းသားကျိကို ရန်သွားစရဲတာလဲ...အထဲဝင်ပြီး သူ့ကိုသွားတောင်းပန်စမ်း!!အခုချက်ချင်း!! သူသာငါ့ကို အပြစ်တင်ရင် ငါမင်းကို သတ်ပစ်မယ်"

ဆူပြီးနောက်ဗိုလ်ချုပ်ကုဟာ ဖုန်းချင်ထျန်နောက် မျက်နှာလိုမျက်နှာရအပြုံးဖြင့် လိုက်ဝင်သွား၏။

သူမနားသူမ ကလော်လိုက်သည်။ သူမရဲ့ဒီအဖေဟာ အသုံမကျသော သူပေ..သို့ပေမဲ့လဲ..ဟမ်!ခဏနေပါအုံး.. အဲ့ချောမောတဲ့သူကို သူဘယ်လိုခေါ်လိုက်တာပါလိမ့်..

You've reached the end of published parts.

⏰ Last updated: Feb 23 ⏰

Add this story to your Library to get notified about new parts!

My Devil Boyfriend (Myanmar Translation)Where stories live. Discover now