"Lisa...."
"ဟင်...ဘာပြောလိုက်တာလဲ Soo"
"တစ်ချိန်လုံးနင်လိုက်ငေးနေတဲ့အဲဒီကောင်မလေးရဲ့နာမည်က Lalisaတဲ့"
"အာ...မဟုတ်ပါဘူး ငါကဒီတိုင်း အရင်ကဒီမှာတစ်ခါမှမမြင်ဖူးလို့ ကြည့်မိရုံပါ"
"အွန်းပါ ငါကလည်းဘာပြောနေလို့လဲ အဲ့လောက်လည်း မလုံမလဲဖြစ်မနေပါနဲ့ Jenရယ်"
"နာမည်သိနေတယ်ဆိုတော့ နင်သူနဲ့သိသလား Soo"
"မသိပါဘူး...သူတို့အချင်းချင်းခေါ်နေတာကို ကြားဖူးတာ"
"သြော်...သူကဝန်ထမ်းအသစ်လား"
"အွန်း ဟုတ်မယ်ထင်တယ်...နင်ခရီးသွားပြီး နောက်ရက်ဒီကိုလာတော့ ငါသူ့ကိုတွေ့တာပဲ"
"သြော...နောက်ထပ်ရော ဘာတွေသိထားသေးလဲ"
"ဟင့်အင်း မသိတော့ဘူး"
ချက်ချင်းပင် မျှော်လင့်ချက်မဲ့သလိုဖြစ်သွားသော Jennie Kim၏ မျက်နှာဘေးသည် မျက်ဝန်းတို့ပါအရောင်မှိန်သွားခဲ့လေပြီ။ ခုမှတွေ့ရသည့် ဤမိန်းကလေးအား ဘာကြောင့်များ သူဒီလောက်ထိစိတ်ဝင်စားနေခဲ့သလဲ။Jennieဆီတွင် Sooတစ်ခါမှမမြင်ဖူးခဲ့သော ထိုအကြည့်တို့၏ဘာသာစကားသည် အဓိပ္ပါယ်တစ်ခုဆီသို့ ဦးတည်နေပြီဖြစ်ကြောင်း ရိပ်မိခဲ့လေသည်။
"နင်စိတ်ဝင်စားတယ်ဆိုရင်လည်း ဒီကအခြားသူတွေဆီမှာ မေးကြည့်ပါလား။ သူတို့ချင်းဆိုတော့ ငါ့ထက်ပိုသိကြမှာပေါ့။ မဟုတ်လည်း နင်အားလုံးနဲ့ရင်းနှီးနေတာပဲဟာ"
"တော်ပါပြီ Sooရာ... တော်ကြာ သူတို့ကLalisaကို ပြန်ပြောလိုက်ရင် ငါ့ကိုတစ်မျိုးထင်နေပါဦးမယ်"
"ဟ...ဟ..."
"ဘာရယ်တာလဲ Soo"
"Jenရယ်...တစ်ချိန်လုံး နင်သူ့ကိုလိုက်ကြည့်နေတာလေ...ကြည့်ပါလား ကော်ဖီတွေတောင်အေးကုန်ပြီ။သူ့ကိုလိုက်ကြည့်နေကတည်းက သေချာတယ် ဟိုကတစ်မျိုးထင်နေလောက်ပြီ"
"အာ...အဲ့လောက်ထိသိသာနေတာလား"
"အွန်း...နင်လုပ်ပုံက သိပ်မသိသာရှာဘူး သိလား။နေပါဦး ငါ့မျက်စိထဲမှာတော့ အရမ်းထူးခြားပြီး လှနေတာမျိုးလည်းမဟုတ်ပါဘဲနဲ့ ဘယ်အရာတွေကများ နင့်အကြည့်တွေ သူ့ဆီကနေမခွာနိုင်လောက်တဲ့ထိဖြစ်သွားအောင် ဆွဲဆောင်သွားခဲ့တာလဲ ပြောပါဦး"
YOU ARE READING
--
Short Storyဒီအပြုံးလေးတွေထဲမှာသာ အချစ်ကိုရှာတွေ့ခဲ့မယ်မှန်းကြိုသိခဲ့ရင် မင်းနဲ့အတူရှိခွင့်ကို တို့ဘယ်ငြင်းဆန်မိခဲ့မှာလဲ အချစ်ရယ်...