©2

241 45 7
                                    

ညနေတိုင်း ဆိုင်ကိုရောက်လာတတ်သော သူမသည် ခုရက်တွေအတွင်း ပျောက်ချက်သားကောင်းလှသည်။ ဒီနေ့နဲ့ဆို သူမ,ရောက်မလာသည်မှာ တစ်ပတ်တိတိပင် ရှိနေပြီဖြစ်သည်။မိမိစနောက်လိုက်တာများ လွန်သွားသည်မို့ စိတ်ဆိုးသွားလေသလား၊ ထိုနေ့က အနီရောင်သမ်းသွားခဲ့သော ပါးမို့မို့လေးများကြောင့် သူမရှက်သွားမည်မှာသေချာပါသည်။မခံချင်စိတ်ဖြင့် အနိုင်ရလိုမှုကိုရှေ့တန်းတင်ကာ စိတ်လိုက်မာန်ပါလုပ်မိခြင်းသည် စနောက်လိုက်သည်ဆိုခြင်းထက် လွန်ကဲသွားကြောင်း ကိုယ့်ကိုယ်ကိုသိလိုက်ချိန်တွင် သူမသည် အနားမှထွက်သွားခဲ့လေပြီ။ ထို့ကြောင့် နောက်ရက်တွင်တောင်းပန်စကားဆိုသည့်အခါ အဆီအငေါ်တည့်​စေရန် အကြိမ်ကြိမ်လေ့ကျင့်ထားခဲ့ပေမဲ့ ခုထိရောက်မလာခဲ့သော သူမကြောင့် စိုးရိမ်မှုတို့သည်လည်း ဒီဂရီမြင့်တက်​နေပြီဖြစ်သည်။ ပိုဆိုးသည်က သူမကိုသာမက Kim Jisooကိုပင် မတွေ့ရသောကြောင့် သူမအကြောင်း တစ်စွန်းတစ်စပင် မေးခွင့်မရပါဘဲ လေးကန်နေသောစိတ်ဖြင့်သာ ဝင်ပေါက်ရှိရာသို့ လည်တဆန့်ဆန့်​ဖြင့် မျှော်ကြည့်မိနေတော့သည်။

"Lisa ခုရက်ပိုင်း ဝင်ပေါက်ကိုပဲငေးငေးနေတာ တို့သတိထားမိတယ်နော်။ဘယ်သူ့ကိုမျှော်နေတာလဲ။ ဘာလဲ ရည်းစားကကော်ဖီလာသောက်မယ်ပြောထားလို့လား"

"မဟုတ်ပါဘူး ဟယ်ယောင်းရယ်"

"ဒါဆို နေ့တိုင်းနေ့ ဝင်ပေါက်တံခါးကိုပဲ ငေးနေရလောက်အောင်ထိ အဲ့ဒီတံခါးကြီးကိုမျက်စိအောက်ကအပျောက်မခံနိုင်ဖြစ်နေတာလား"

"ဟယ်ယောင်းကလည်း ပေါက်ပေါက်ရှာရှာ..."

"ဒါဆို ဘာလို့လဲလို့။ ခါတိုင်းလိုလည်း အလုပ်စောမဆင်းတော့ဘူး။ တစ်ခုခုတော့ဖြစ်နေတာသေချာတယ်။ဟယ်ယောင်းကိုပြော အားလုံးကိုဖြေရှင်းပေးမယ်"

"အဲ့လောက်တောင် သိချင်နေရင်လည်း ပြောပြရတော့မှာပေါ့။တကယ်က Jennie Kimများ ရောက်လာမလားလို့ လှမ်းလှမ်းကြည့်မိနေတာ"

"သြော် လက်စသတ်တော့ Jennieကို မျှော်နေတာကိုး။ပြောတော့ customerတစ်ယောက်လိုပဲ မြင်တာပါဆို ခုတော့ပုံမှန်ရောက်မလာတော့တာနဲ့ပဲ Lalisaတို့ လည်ဆန့်ဆန့်ဖြစ်နေပြီပေါ့လေ"

You've reached the end of published parts.

⏰ Last updated: Feb 27 ⏰

Add this story to your Library to get notified about new parts!

--Where stories live. Discover now