သူ့အခန်းလေးက မေမေ တို့ တစ်ပတ်တစ်ခါ လာလာရှင်းပေးလို့ သူနေတုန်းကအတိုင်း သန့်ရှင်းနေတုန်းပင် ။
မနက်အိပ်ရာနိုးရင် လေ့ကျင့်ခန်းလုပ်နေကြဖြစ်တဲ့ ဇိုင်း က Gym ခန်းထဲဝင်ကာ chest ကစားနေရင်း ပုံမတင်တာ ကြာလို့ဖုန်တက်နေပြီဖြစ်တဲ့ သူ့အကောင့်အတွက် mirror selfie လေးရိုက်ပြီး
အင်စတာဂရမ် မှာ တင်လိုက်သည်။သူပုံတင်ပြီး ချက်ချင်းဆိုသလို ရောက်လာတတ်တဲ့ First react လေး သတိထားကြည့်နေတာမဟုတ်ပေမဲ့ သတိထားမိနေတာလေ။
ဒီနေ့မှ သူ့အကောင့်လေး ဝင်ကြည့်တော့ သူ့ကို follow လုပ်ထားတာပဲ ပြည်သာယာ ဆိုတဲ့နာမည်လေးကစ စိတ်ဝင်စားဖို့ကောင်းနေတာ အကောင့်ကို အဆုံးထိ ဆွဲကြည့်တော့ တင်သမျှပုံတိုင်းမှာ ကောင်မလေးတစ်ယောက်က
အမြဲပါသည်။ အယောက်လဲထပ်သွားခြင်းရှိမနေတာကြောင့် ငရှုပ်လေးဆိုတာသိလိုက်ပါပြီ။ သူ့အကောင့်က ပြန်ထွက်ဖို့လုပ်ရင်း Follow Back လေးပါပြန်နှိပ်ခဲ့လိုက်သည်။ဒါကိုတော့ ကြည့်လက်စ porn ကိုပြန်ကြည့်ကာ ကိစ္စပြီးသွားလို့ ပြန်အိပ်သွားတဲ့ ပြည်သာယာ တစ်ယောက် မသိလိုက်။
__________ခရီးများအဆုံးထိလျှောက် သီချင်းကို ကိုယ်ပိုင်အသံချိုချိုလေးဖြင့် ဂီတာလေးခေါက်ရင်း ဆိုနေသော ကောင်လေးတစ်ယောက်ရဲ့ အသံ။
ဇိုင်း မြန်မာနိုင်ငံရောက်နေတုန်း သူငယ်ချင်းတွေနဲ့ ဆုံရန် ဇိုင်း နဲ့ သူငယ်ချင်းတွေ အတူတူဖွင့်ထားကြတဲ့ Leo bar မှာ ရောက်နေခြင်းဖြစ်သည်။ သူငယ်ချင်း တွေမရောက်သေးတာကြောင့် ဘားကောင်တာမှာသာထိုင်ပြီး
ဝီစကီ သောက်ရင်း စောင့်နေလိုက်သည်။ဝီစကီ အရသာ ခပ်ပြင်းပြင်းက သီဆိုသူ၏ အသံချိုချိုနှင့် ပနံသင့်လှ၏။ တရိပ်ရိပ်မူးလာပြီဖြစ်သောကြောင့် သီချင်းနဲ့လိုက်ဖက်လွန်းတဲ့ အသံပိုင်ရှင်ကို မြင်ချင်လာသည်။ စိတ်ထက်လူကလျှင်မြန်စွာပင် သီချင်းဆိုနေတဲ့
စင်ရှေ့ကိုရောက်သွားမိ၏။ငရှုပ်လေး ဟုတ်တယ် သူပဲ ငရှုပ်လေးလေ ဒီလောက်ကြည့်ကောင်းနေတာကြီးကတော့ လွန်တယ်မဟုတ်ဘူးလား။ ဂီတာကြိုး ခြောက်ချောင်းကို ပိုင်နိုင်စွာတီးခက်နေတဲ့ ဖြူဖြူသွယ်သွယ်လက်ချောင်းလေးတွေ၏
ဟန်ချက်ကညီညီနဲ့ ကျွမ်းကျင်တဲ့ ဂီတာသမားတစ်ယောက်လိုကို တီးခက်နေတာ အကြည့်ပင်မလွှဲချင်။

YOU ARE READING
The forest
Randomကျွန်တော် မိုက်မိုက်မဲမဲ ပြောင်းခဲ့တဲ့ တောအုပ်လေးက ခင်များပေါ့ ...