" ဟယ်လို ဒယ်ဒီ "
ဖုန်းကိုင်လိုက်သည်နှင့် ချစ်စဖွယ်အသံလေးကိုစတင်ကြားရတော့ ပြုံးလိုက်မိသည်။
" မျက်နှာလေး မမှတ်မိတော့လို့ အိမ်လေးပြန်လာပါဦး ဒယ်ဒီ့ သားအလိမ္မာလေးရေ "
အသက် ၁၈ နှစ်ပြည့်ကတည်းက သူ့အဖွား ဆီက မွေးနေ့လက်ဆောင်ရထားတဲ့ တိုက်ခန်းမှာသာ ပြောင်းနေခဲ့သည်။ အသက် ၂၀ ပြည့်တဲ့နေ့မှာပဲ အစ်ကို ဖြစ်သူနဲ့ Italy သို့လိုက်နေ၍ အဲ့မှာပဲကျောင်းဆက်တတ်ဖြစ်သည်။ မြန်မာနိုင်ငံကို ကိစ္စတစ်ခုကြောင့်ပြန်လာဖြစ်တော့ အိမ်ဘက်ကိုမရောက်တာကြောင့် ဒယ်ဒီ ဖုန်းဆက်လာခြင်းဖြစ်သည်။သူအိမ်မပြန်တာ (၄) နှစ်ရှိပြီဖြစ်တာကြောင့် ရောက်ရင်တော့ ပွားတော့မည်ထင်သည်။
" အာ့ ..... Sorry မမြင်လိုက်လို့ "
" ဇိုင်းအက္ခရာ " မိသားစုပိုင် Market တွေထဲက ဈေးဆိုင်တစ်ခုမှာ ဈေးဝယ်နေရင်း ဒယ်ဒီဖုန်းလာ၍ ဖုန်းကိုပြန်ဖြေကာလမ်းလျှောက်လာတာကြောင့် ဘေးကလူကိုမမြင်ပဲ ဝင်တိုက်မိလိုက်သည်။
သူကကိုယ့်ကို သူ့အမှားလို sorry ပြောပေမဲ့ ကိုယ့်ကို ဘာမှပြန်ပြောခွင့်တောင်မပေးပဲ အရေးတကြီး ထွက်သွားသည်။
__________" ပြည်သာယာ မင်းငါ့စကားကို ဒီတစ်ခါတော့ နားထောင်လိုက်လို့မရဘူးလား အရာအားလုံးမင်းစိတ်ကြိုက် နေလာတာလေ "
" အသက် ၁၈ နှစ်ကို တစ်ရက်ပဲစွန်းသေးတဲ့ ကိုယ့်သားကို အိမ်ထောင်ချပေးမှာ ယောင်္ကျား တစ်ယောက်နဲ့ ဆိုတာ ဘယ်လိုလက်ခံပေးရမှာလဲ သားတွဲခဲ့တဲ့ အမို့အမောက်နဲ့ကောင်မလေးတွေကြားရင် သားကိုအကုန်ဝိုင်းဟားတော့မှာ ဒယ်ဒီ သိလား "
" အဲ့ဒါ မင်းကိစ္စ ဝိုင်းဟားရင်လဲ ခံလိုက် အခုငါမင်းကို ပေါ့ပျက်ပျက်ပြောနေတာ မဟုတ်ဘူး ငါ့သူငယ်ချင်း သား ကိုမင်းလက်ထပ်ရမယ် "
" မေမေ ရာ သိလား "
" မင်း အမေ သိစရာမလိုတဲ့ကိစ္စပဲ "
မေမေ နဲ့ ဒယ်ဒီ က သူ လေးနှစ်အရွယ်လောက်ကတည်းက ကွာရှင်းလိုက်ကြတယ်။ အသက်ကြီးမှ သိရသလောက်ကတော့ ဒယ်ဒီ က မေမေ့ ကို မိဘတွေဆန္ဒအတိုင်းလက်ထပ်လိုက်တာဖြစ်ပြီး မေမေ့ ဘက်ကပဲချစ်ခဲ့တာတဲ့။
ဒယ်ဒီ ဘက်ကမချစ်တာသိပေမဲ့ မေမေ က သည်းခံပြီးပေါင်းခဲ့ပါသေးတယ်။ ဖေဖေ့ စိတ်က သူ့ဆီလုံးဝမရှိတာကြောင့် သူ့ကိုမွေးပြီး လေးနှစ်လောက်မှာ ကွာရှင်းပေးခဲ့တယ်။ ဒယ်ဒီ က သူ့ကိုခေါ်ပြီး ဖွားဖွား တို့အိမ်ပြန်နေခဲ့တယ်။ သူတို့နေခဲ့တဲ့ မင်္ဂလာဦး အိမ်ကိုတော့ မေမေ့ အတွက်ပေးခဲ့တယ်တဲ့။ မိန်းမသားတစ်ယောက်တည်း အချိန်အကြာကြီး တစ်ယောက်တည်းရပ်တည်ဖို့ကခက်နေမှာဆိုတော့ မေမေ လဲ တစ်ခြားအိမ်ထောင်တစ်ခုနဲ့ ပျော်ရွှင်တဲ့မိသားစု ကို ဖန်တီးလိုက်တယ် ။ မေမေ က အဲ့အိမ်ထောင် နဲ့ ညီမလေး တစ်ယောက် မွေးထားတယ်။ ညီမလေးက သူ့လိုမျိုး အမေနဲ့တူတော့ အသာဖြူဖြူ သွယ်လျလျ နဲ့ တအားပဲလှလွန်းသည်။ ဒါတွေအားလုံးကို ဖွားဖွားကြီးပြောပြလို့သိရတုန်းက တက္ကသိုလ် စတက်တဲ့နေ့ကပေါ့။ အဲ့ကတည်းက ဒီအကြောင်းတွေကိုစုံစမ်းခဲ့တာ။ ဘာနေနေ မိဘ ကျေးဇူးကို လင်ယူပြီးတော့ မဆပ်နိုင်ပါဘူး။
![](https://img.wattpad.com/cover/363750238-288-k845633.jpg)
YOU ARE READING
The forest
Randomကျွန်တော် မိုက်မိုက်မဲမဲ ပြောင်းခဲ့တဲ့ တောအုပ်လေးက ခင်များပေါ့ ...