"သဲသဲရေ သဲသဲ"
"ဟင်"
ကျမ လုပ်လက်စအလုပ်ကိုရပ်ပြီးနားစွင့်မိလျက်သားဖြစ်သွားသည်။ အမေလည်းထိုနည်းတူပင်။ ဒီလိုခေါ်တာ တစ်ယောက်ပဲရှိတယ်။ပြီးတော့ဒီအသံက...
"သဲရေ "
ထပ်ခေါ်နေမှုကြောင့် ကျမ ဝရံတာဆီကနေအောက်ကိုငုံ့ကြည့်လိုက်တော့သူ။
ကျမရဲ့သူ ။ သူဆိုတာ ကျမရဲ့ချစ်ဦးသူ ကျမရဲ့ ရေစက်နဲခဲ့ရတဲ့ချစ်သူ။ ဘယ်နှဲ့ ကျမတို့က ဝေးပြီးသားမဟုတ်လား။ ဝေးတာမှနှစ်တွေချီနေပြီလေ။ အခုဆိုကျမရောသူရောအသက်၃၀ကျော် ။ကျမတို့ချစ်သူဖြစ်ခဲ့တာ အို နေပါအုန်း အဲ့ဒါကဆယ်ကျော်သက်အချိန်ကလေ။သူက ကျမရဲ့ ချစ်ဦးသူဖြစ်သလို ငယ်သူငယ်ချင်းလည်းဖြစ်တာမို့ ကျမတို့က ချစ်သူအဖြစ်ကနေရပ်ဆိုင်းသွားပေမဲ့ သူငယ်ချင်းတွေအဖြစ်တော့ထပ်ပတ်သက်နေဆဲပါ။ ဒါပေမဲ့ အခုလို တစ်ယောက်ထဲ အိမ်ထိလိုက်လာပြီး ချစ်သူဖြစ်တုန်းကအသုံးအနှုန်းကိုပြန်ခေါ်နေတာတော့တစ်ခုခုမှားနေတယ်မဟုတ်လား။
"သမီး သိင်္ဂပါလား "
"ဟုတ်တယ်အမေ သမီးသူနဲ့စကားပြောအုန်းမယ် အိမ်ပေါ်ခေါ်လိုက်မယ်နော် "
ဘာကြောင့်မှန်းမသိ ကျမလိပ်ပြာမလုံစွာအမေ့ကိုခွင့်တောင်းမိသည်။ အမေက နားမလည်စွာ ကျမကိုကြည့်ပြီးခေါင်းညိမ့်ပြသည်။
ကျမ အိမ်ပေါ်ကဆင်းတော့ သူ အိမ်ထဲရောက်လာပြီဖြစ်သည်။
"သဲ "
"သိင်္ဂ ကိစ္စရှိလို့လား လာလေ အထဲဝင် "
ကျမသူ့ကိုဖိတ်ခေါ်လိုက်စဉ်မှာ ပဲ သူ့လက်ဖဝါးတွေက ကျမလက်ကိုအုပ်မိုးဆုတ်ကိုင်လိုက်သည်မို့ ကျမလန့်ဖြန့်သွားပြီး သူ့ကိုပြူးကြည့်မိသည်။ လက်ကိုလည်းအနဲငယ်ရုန်းမိသည်။ သူကတော့တင်းနေအောင်ဆုတ်ကိုင်ထားဆဲ ။
"သဲ ကိုယ်အရမ်းလွမ်းနေတာ "
ပြောရင်း ကျမကိုသူ့ရင်ခွင်ထဲဆွဲသွင်းလိုက်သည်မို့ ကျမမရှောင်နိုင်လိုက်။
ဒီရင်ခွင်။
နာကျင်စွာလက်လွတ်ခဲ့ရတဲ့ဒီရင်ခွင်။ သူပဲဒီရင်ခွင်ကနေကျမကိုထုပ်ခဲ့တာ။ ရင်ခုန်သံစည်းချက်ကိုနားထောင်ရင်း ကျမ ဆယ်ကျော်သက်အရွယ်ပြန်ရောက်သွားသလိုခံစားလိုက်ရသည်။ လတ်ဆတ်နေတုန်းပဲ ။ပြီးတော့နွေးနေတုန်းပါပဲ။ ကျမသူ့ကိုပြန်ဖက်ထားမိလိုက်ပြီ။
YOU ARE READING
ONE DAY
Short Storyအိမ်မက်မက်တဲ့ဇတ်လမ်းplovလေးကကောင်းလွန်းလို့ရေးချထားမိယုံပါ ။အိမ်မက်ဆိုတဲ့အတိုင်းညနေလောက်ဆိုဒီဇတ်လမ်းကမေ့မှာမို့မက်တဲ့အတိုင်းခဏချရေးထားတာပါ ။နောက်မှအလားတူstory မျိုးဖန်တီးကြည့်တာပေါ့