One Day to Past ...1

24 1 6
                                    

"သဲသဲရေ သဲသဲ"

"ဟင်"

ကျမ လုပ်လက်စအလုပ်ကိုရပ်ပြီးနားစွင့်မိလျက်သားဖြစ်သွားသည်။ အမေလည်းထိုနည်းတူပင်။ ဒီလိုခေါ်တာ တစ်ယောက်ပဲရှိတယ်။ပြီးတော့ဒီအသံက...

"သဲရေ "

ထပ်ခေါ်နေမှုကြောင့်  ကျမ ဝရံတာဆီကနေအောက်ကိုငုံ့ကြည့်လိုက်တော့သူ။
ကျမရဲ့သူ ။ သူဆိုတာ ကျမရဲ့ချစ်ဦးသူ ကျမရဲ့ ရေစက်နဲခဲ့ရတဲ့ချစ်သူ။ ဘယ်နှဲ့ ကျမတို့က ဝေးပြီးသားမဟုတ်လား။ ဝေးတာမှနှစ်တွေချီနေပြီလေ။ အခုဆိုကျမရောသူရောအသက်၃၀ကျော် ။ကျမတို့ချစ်သူဖြစ်ခဲ့တာ အို နေပါအုန်း အဲ့ဒါကဆယ်ကျော်သက်အချိန်ကလေ။

သူက ကျမရဲ့ ချစ်ဦးသူဖြစ်သလို ငယ်သူငယ်ချင်းလည်းဖြစ်တာမို့ ကျမတို့က ချစ်သူအဖြစ်ကနေရပ်ဆိုင်းသွားပေမဲ့ သူငယ်ချင်းတွေအဖြစ်တော့ထပ်ပတ်သက်နေဆဲပါ။ ဒါပေမဲ့ အခုလို တစ်ယောက်ထဲ အိမ်ထိလိုက်လာပြီး ချစ်သူဖြစ်တုန်းကအသုံးအနှုန်းကိုပြန်ခေါ်နေတာတော့တစ်ခုခုမှားနေတယ်မဟုတ်လား။

"သမီး သိင်္ဂပါလား ‌"

"ဟုတ်တယ်အမေ သမီးသူနဲ့စကားပြောအုန်းမယ် အိမ်ပေါ်ခေါ်လိုက်မယ်နော် "

ဘာကြောင့်မှန်းမသိ ကျမလိပ်ပြာမလုံစွာအမေ့ကိုခွင့်တောင်းမိသည်။ အမေက နားမလည်စွာ ကျမကိုကြည့်ပြီးခေါင်းညိမ့်ပြသည်။

ကျမ အိမ်ပေါ်ကဆင်းတော့ သူ အိမ်ထဲရောက်လာပြီဖြစ်သည်။

"သဲ "

"သိင်္ဂ ကိစ္စရှိလို့လား လာလေ အထဲဝင် "

ကျမသူ့ကိုဖိတ်ခေါ်လိုက်စဉ်မှာ ပဲ သူ့လက်ဖဝါးတွေက ကျမလက်ကိုအုပ်မိုးဆုတ်ကိုင်လိုက်သည်မို့ ကျမလန့်ဖြန့်သွားပြီး သူ့ကိုပြူးကြည့်မိသည်။ လက်ကိုလည်းအနဲငယ်ရုန်းမိသည်။ သူကတော့တင်းနေအောင်ဆုတ်ကိုင်ထားဆဲ ။

"သဲ ကိုယ်အရမ်းလွမ်းနေတာ "

ပြောရင်း ကျမကိုသူ့ရင်ခွင်ထဲဆွဲသွင်းလိုက်သည်မို့ ကျမမရှောင်နိုင်လိုက်။

ဒီရင်ခွင်။

နာကျင်စွာလက်လွတ်ခဲ့ရတဲ့ဒီရင်ခွင်။ သူပဲဒီရင်ခွင်ကနေကျမကိုထုပ်ခဲ့တာ။ ရင်ခုန်သံစည်းချက်ကိုနားထောင်ရင်း ကျမ ဆယ်ကျော်သက်အရွယ်ပြန်ရောက်သွားသလိုခံစားလိုက်ရသည်။ လတ်ဆတ်နေတုန်းပဲ ။ပြီးတော့နွေးနေတုန်းပါပဲ။ ကျမသူ့ကိုပြန်ဖက်ထားမိလိုက်ပြီ။

ONE DAYWhere stories live. Discover now