လေးနှစ်အရွယ် မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ကောင်မလေးက သူ့ဆီပြေးလာလေသည်။
"ပါပါး"
ဘယ်သူဆိုတာကျမအထွေအထူးတွေးစရာမှမလိုတာ။ ဒီကလေးလေးမွေးကတည်းကအခုထိကျမမြင်ဖူးခဲ့တာပဲလေ။ သူ့သမီးလေးပေါ့။ကလေးလေးက ကျမက ရင်းလည်းမရင်းနှီး စိမ်းလည်းမစိမ်းနဲ့အကြည့်နဲ့ကြည့်သည်။
"ပွေ့လိုက်လေ "
သူက ကျမကိုတလှည့်ကလေးကိုတလှည့်ငေးကြောင်ကြည့်သည်။ ထိုအချိန်မှာပဲ နောက်ကလေးလေးတစ်ယောက်ကိုပွေ့ချီပြီးထွက်လာသူ။
သူမ။ သူမသည် သူ သူဆိုတာ သိင်္ဂရဲ့ချစ်ရတဲ့ဇနီးလေးပါ။
သူမက ကျမကို အဖြေရှာမရတဲ့မျက်လုံးတွေနဲ့ကြည့်သည်။ ကျမတို့နှစ်ယောက်ရင်းနှီးသည်လည်းမဟုတ် မရင်းနှီးသည်လည်းမဟုတ် ဒီအတိုင်း တစ်ယောက်ကိုတစ်ယောက်သိကြယုံသာ။ သာရေးနာရေးတွေမှာဆုံရင်ပြုံးပြကြယုံသာ။ ဒီထက်ပိုသောဆက်ဆံရေးမရှိသလို မုန်းနေတာမျိူးလည်းမရှိ။ သူမဘက်ကလည်းမရှိဘူးလို့ထင်ပါသည်။
"သိင်္ဂ "
"ဟင် သဲပြောလေ "
ဒီနာမ်စားက နေရခက်လိုက်တာ။ ခဏကထိ ကျမကြည်နူးနစ်မျှောခဲ့တာဝန်ခံပါသည်။ အခု ကျမအိမ်မက်ကလန့်နိုးလာသူဆိုတာသေချာခဲ့ပြီမို့ နေရခက်လှသည်။ အထူးသဖြင့်သူ့အမျိုးသမီးရှေ့မှာ။ သို့သော်ထိုအရာထက် သူ့အမျိုးသမီးက ကျမနဲ့စကားအမြန်ပြောလိုကြောင်းသိသာနေသည်။
သူထွက်သွားသည်နှင့် အမျိုးသမီးလေးနား ကျမရောက်သွားသည်။
"ဘယ်လိုဖြစ်တာလဲဟင် "
"ကျမ မသိဘူး ကျမမပြောတတ်ဘူး "
ငိုချတော့မလိုဖြစ်နေသော သူမ၏လက်ကို ကျမဆုတ်ထွေးလိုက်သည်။
"ကျမတောင်းပန်ပါတယ် "
"ဟင်အင့် တောင်းပန်ဖို့မလိုဘူး ဒါပေမဲ့ ဒီလိုဖြစ်လို့မရဘူး"
"သိတယ် ကျမသိတယ် ဒါပေမဲ့ ကျမလည်းလေ တရက်တော့ "
သူမ မငိုခင်ငိုချမိသူသည် ကျမဖြစ်သည်။ ကျမ က သူတို့ချစ်သူဖြစ်စဉ်ကစနောက်ဆုံးကလေးမွေးတဲ့အထိသိတာတောင် တရက်ကလေးပဲလေ ဆိုပြီး ကာမေသုမိစ္ဆာကံကို မနောကံနဲ့ရော ဝဇီကံနဲ့ရော နောက်ဆုံးကာယကံမြောက်နမ်းမိတဲ့အထိကျူးလွန်မိသူရယ်ပါ။ သိရက်နဲ့လေ။
YOU ARE READING
ONE DAY
Short Storyအိမ်မက်မက်တဲ့ဇတ်လမ်းplovလေးကကောင်းလွန်းလို့ရေးချထားမိယုံပါ ။အိမ်မက်ဆိုတဲ့အတိုင်းညနေလောက်ဆိုဒီဇတ်လမ်းကမေ့မှာမို့မက်တဲ့အတိုင်းခဏချရေးထားတာပါ ။နောက်မှအလားတူstory မျိုးဖန်တီးကြည့်တာပေါ့