249 36 3
                                    


: Song recommended [Celine Dion - my heart will go on ]

☆☆☆☆☆

"အိမ်ကနည်းနည်းတော့ဟောင်းနေပေမယ့် နေရတာတော့အဆင်ပြေမှာပါ"

"ဦးလေးအာမခံတယ် ... ကလေးကဒုတိယထပ်ထောင့်စွန်းခန်းမှာနေလို့ရတယ် "

"အဲ့အခန်းက အဲ့အိမ်တစ်ခုလုံးမှာသက်တောင့်သက်သာအဖြစ်ဆုံးဘဲ သားလာမယ်ကြားလို့ အဲ့အခန်းကိုရှင်းပေးခိုင်းထားတယ်"

"အဲ့မှာ အိမ်စောင့်အဖိုးကြီးသားအဖနေတယ် တစ်ခါလေ သူ့မြေးအငယ်လေးပါ လာနေတတ်လို့ သူ့တို့ကိုလိုတာကူညီခိုင်းလို့ရတယ်နော်"

ဆောင်းချန်းကအဆိုတော်သရုပ်ဆောင်တစ်ယောက်ဖြစ်တယ်။ အခုလည်းသူမလုပ်တဲ့ကိစ္စတစ်ခုအတွက်သတင်းတွေ သို့လောသို့လောထွက်နေတာမို့ အခြေအနေတည်ငြိမ်အောင်လို့ အဖေ့ရဲ့သူငယ်ချင်းရှိတဲ့နယ်မြို့လေးလို့ရောက်လာခြင်းဖြစ်သည်။ ရှောင်နေတာလည်းပါတာပေါ့။

ဒီလောကကရှုပ်ထွေးနက်နဲလွန်းသည်။ ဆွဲတင်ပေးမယ့်သူထက် ဆွဲချပေးမယ့်သူတွေသာများသည်။ ပြဿနာတစ်ခုဖြစ်ပြီဆို မှားတာမှန်တာစိတ်မဝင်စား သူတို့ကျေနပ်တဲ့အဖြေတစ်ခုရဖို့ဘဲသူတို့စိတ်ဝင်စားသည်။

တစ်ခါတစ်ရံ သူဒီအလုပ်ဒီရပ်ဝန်းကြီးကိုစိတ်ကုန်လာသည်။ ကိုယ်ပိုင်လွတ်လပ်ခွင့်တွေအကုန်ဆုံးရှုံးပြီး သူ့ဘဝတစ်ဝက်စာလောက်ကြိုးစားခဲ့သည့် သူဝါသနာပါသည့် ဒီအလုပ်ဟာ သူ့အတွက်တော့ကြာလေအဆိပ်သင့်လေဖြစ်လာရသည်။

ဒီတစ်ခေါက်ပြဿနာတွေရှင်းပြီးရင်တော့ သူတစ်ခုခုကိုသေချာဆုံးဖြတ်ချက်ချရလိမ့်မည်ဟု တွေးထားလိုက်တယ်။

ဒီရောက်တော့ ဦးလေးကသူ့အိမ်နဲ့ခပ်ဝေးဝေးမြို့စွန်လေးတစ်ခုကအိမ်ကိုညွှန်းပေးလာသည်။

ဒီအိမ်ကဆုံးသွားတဲ့ဦးလေးရဲ့ဇနီးဘက်က အမွေရထားသည့်အိမ်ဖြစ်ကြောင်းလည်းပြောသေးသည်။

"ကောင်းပါပြီ ကျွန်တော့်ကိုကူညီပေးလို့ကျေးဇူးတင်ပါတယ်"

"ဦးလေးသာမကူညီရင် ကျွန်တော်အခက်တွေ့နေမိမှာ "

သူ့အပြောကို ဦးလေးကအပြုံးပါးပါးလေးတစ်ပွင့်ဖြင့် ခေါင်းညိမ့်ပြလာသည်။

Once upon a timeWhere stories live. Discover now