♡♡

90 12 3
                                    


"ချန်း ငါတို့လက်လျှော့လိုက်ရအောင် "

တော်တော်လေးပင်ပန်းနေပုံရတဲ့ သခင်လေးဆိုသူက လက်လျှော့လိုက်ဖို့ပြောနေပြန်သည်။ ခုနကဘဲ လူတွေနဲ့ဝေးရာကိုထွက်ပြေးကြမယ်ပြောခဲ့တာ သူမဟုတ်ခဲ့သလို အခုတော့လက်လျှော့လိုက်ဖို့ပြောပြန်သည်။

"မဖြစ်ဘူး ဘင်း .... အခုနေမှလက်လျှော့ရင် ငါတို့တကယ်ဝေးရလိမ့်မယ် "

"ခဏလေးဘဲသည်းခံထားပါ ... ဒီတံတားကျော်ရင်လွတ်ပြီ ... နော် "

မောဟိုက်နေတဲ့ကြားက ခပ်သာသာချော့ပြောနေတဲ့ ချန်းကလည်း ကြောက်ရွံ့တုန်လှုပ်နေတယ်ဆိုတာ တုန်ယင်နေတဲ့အသံကသက်သေ။

" ငါတို့လွတ်မယ်ထင်နေလား ... အဖေ့လက်ထဲကလုံးဝမလွတ်နိုင်ဘူး ချန်း... ဒီလိုကနေ မင်းပါဒုက္ခရောက်လိမ့်မယ် ချန်းရဲ့ "

စကားအချေအတင်ဖြစ်နေတုန်းမှာဘဲ အနောက်ကလိုက်လာတဲ့လူအုပ်က သခင်လေးတို့နှစ်ယောက်နဲ့မလှမ်းမကမ်းသို့ရောက်လာခဲ့သည်။

ဒါကိုမြင်တဲ့ ချန်းက သခင်လေးကို သူ့အနောက်သို့ပ်ို့ရင်း ရှေ့ကကာရပ်လိုက်တော့ တစ်ဖက်ကလူအုပ်ထဲက ထွက်လာတဲ့ခပ်ထေ့ထေ့လှောင်ရယ်သံတစ်ခု။

"အတင့်ရဲလိုက်တာ ... မင်းကိုယ်မင်း သူ့ကိုကာကွယ်နိုင်မယ်ထင်နေတာလား ... မတန်မရာမင်းအဆင့်နဲ့ငါ့သားကိုမှန်းရဲရတယ်လို့ ကျေးဇူးမသိတတ်တဲ့ကောင် "

လူအုပ်ထဲက အသက်ကြီးကြီးခပ်ဝဝလူရဲ့အပြောအရ သူက သခင်လေးရဲ့အဖေဖြစ်ဟန်တူသည်။

သူပြောနေသည့်တိုင် နှုတ်ဆိတ်နေသည့် လူငယ်လေးနှစ်ယောက်ကြောင့်

"သွား ဝန်ဘင်းကိုသွားခေါ်ခဲ့ကြ "

ထိုလူ့အပြောကြောင့် လူကောင်ခပ်ထွားထွားနှစ်ယောက်က သခင်လေးကိုခေါ်ဖို့ အနားသို့ကပ်သွားကြသည်။

" ရှေ့တိုးမလာနဲ့နော် ... မလာနဲ့လို့ ! "

အနောက်ဘက်က ချစ်ရသူရဲ့အေးစက်စက်လက်ကိုဆုပ်ကိုင်ရင်း စိတ်ကိုတတ်နိုငိသမျှတင်း၍ ခပ်ကျယ်ကျယ်တားဆီးမိသည်။

" ချန်း ... ငါ ငါသွားမှဖြစ်မယ် "

ရင်ဘတ်ထဲကတင်းကြပ်လာခြင်းနှင့်အတူ နှာခေါင်းကနေ ဦးခေါင်းတစ်လျှောက် စူးအောင့်နာကျင်လာသည် ။ ဒါက ဝမ်းနည်းစိတ်ကြောင့်ဆိုတာ သေချာပေါက်ပြောရဲသည် ။ သူ့ရဲ့ပြောသံအဆုံး သူ့ကိုတဖြေး​ဖြေးလှည့်ကြည့်လာသည့် ချန်းရဲ့မျက်နှာထက် မျက်ဝန်ဒများကသွေးကြောများပေါက်ထွက်မတတ် နီရဲနေသည်။

You've reached the end of published parts.

⏰ Last updated: Jun 24 ⏰

Add this story to your Library to get notified about new parts!

Once upon a timeWhere stories live. Discover now