သူစိမ်းတို့ရဲ့အလယ်မှာ

1K 28 0
                                    

(၄၄)

"သခင်ကြီးအတွက် ဆေးတွေပါ စိတ်ဖိစီးတာများလို့ အားနည်းပြီး အဖျားဝင်သွားတာပါ သခင်မ"

"'ဟင်းးးး"'

"မစိုးရိမ်ရတော့ပါဘူး သခင်မ"

"'သွားလို့ရပြီ"'

ခွင့်ပြုမိန့်ရသည်နှင့် ဆရာဝန်လေးက ခါးကိုင်းကာ ဦးညွတ်ပြီး ထွက်သွားသည်။ အဖျားရှိန်နဲ့လဲနေသည့် မောင်ငယ့်နဖူးကို လက်ဖြင့်စမ်းရင်း မေးခွန်းတွေတသီကြီးပေါ်လာသည်။ ပန်းမြိုင်လယ်က အိမ်တော်မှာမရှိတော့ဘူးလို့ မမဆီကနေ နားစွန်းနားဖျားကြားသည်။ ထို့အတူ မဏိသက်နှင့် သားသားကိုလည်း အိမ်တော်မှာရှာမတွေ့တာမို့ ရတနာ စဉ်းစားမရဖြစ်နေရသည်။ မျက်လုံးတွေကိုမှိတ်ကာ ငြိမ်သက်နေသည့် မောင်ငယ့်ကို မေးချင်သော်လည်း မေးလို့မရဲပေ။ တစ်ခုခုတော့ တစ်ခုခုပါပဲ။

"'ယောက်ျား!! မဏိသက်နဲ့သားသားကို တွေ့မိလား"'

""မတွေ့ပါဘူး မိန်းမရဲ့ ကလေးလိုက်ထိန်းနေတာထင်တယ်""

"'မဖြစ်နိုင်ဘူး!!! သူ့ယောက်ျားတစ်ယောက်လုံး နေမကောင်းတာကို သူတို့သားမိ ရှိရမှာပေါ့"'

""အဲ့တာတော့ ကျူပ်လဲ ဘယ်သိမလဲဗျာ""

"'ကျစ်....."'

""လာ လာပါ မဗိုက်ရာ သခင်ကြီး အေးအေးလူလူ နားပါစေ ကျုပ်တို့သွားရအောင်နော်""

""........""

ခြေသံတချို့နှင့် အသံဗလံတွေ ဝေးလွင့်တိတ်ဆိတ်သွားပြီမို့ မျက်လုံးဖွင့်ကြည့်လိုက်လေတော့ ဘွားခနဲ ပေါ်လာသည့် မျက်နှာကျက်ကိုသာ ဟန်သစ် တွေးတွေးငေးငေးဖြင့် စိုက်ကြည့်နေမိသည်။ ဟုတ်ပါသည်။ မမငယ်ပြောတာမှန်သည်။ သူတစ်ယောက်လုံးနေမကောင်းတဲ့ကိစ္စကို အသက်က အနားမှာနေနေရမှာပေါ့။ သူ့ကို ပြုစုယုယနေပေးရမှာပေါ့။ သို့ပေမယ့် မဖြစ်နိုင်တော့တဲ့ကိစ္စတွေပါလေ။ အခုဆိုရင် အသက်က သူ့အကောင်နဲ့အတူ ချစ်ကြည်နူးတစ်တီတူးနေလောက်ပြီ။ သူ့ကိုတော့ သေသေကြေကြေ သတိရတော့မှာမဟုတ်လောက်ပါ။ စိတ်ထောင်းကိုယ်ကြေဆိုသည့် စကားဟာ တကယ်မှန်ပါသည်။ သူ့ဘဝထဲကနေ  အသက်တို့သားမိ ထွက်သွားလိုက်ပြီကတည်းက သူ့နှလုံးသားကို အစိမ်းလိုက်ဆွဲထုတ်ခံလိုက်ရတာဖြစ်ပြီး ရှင်ရက်နဲ့သေသွားရသည့်အချိန်ဖြစ်သည်။ ဟုတ်ပါသည်။ သူဟာ သေဆုံးခဲ့ပြီးပြီ။

သူစိမ်းတို့ရဲ့အလယ်မှာ(COMPLETE)Where stories live. Discover now