CH4

279 40 2
                                    

Unicode

‌ရှုကျားရဲ့စကားနဲ့နှိပ်စက်တဲ့ဒဏ်ကိုမခံစားနိုင်တော့တာကြောင့် ရှောင်းကျန့်သူတို့ရဲ့ဆက်သွယ်ရေးကွန်ယက်ကိုမြန်မြန်ပဲအဆုံးသတ်ပစ်လိုက်တယ်။

သူတကယ်ကိုရှုကျားစကားကြောင့် နားထင်သွေးကြောများပင်ကိုက်ခဲလာသလိုပဲရယ်၊

ဒါပေမယ့် ရလိုရငြားထပ်ဖြောင့်ဖြကြည့်ဖို့ရန် အနားမှာရစ်သီရစ်သီလုပ်နေတဲ့ကလေးနှစ်ယောက်ကိုလှမ်းဆွဲကာ ဘယ်နှကြိမ်မြောက်မှန်းမသိတဲ့ဤစကားကိုပဲထပ်ဆိုရမှာပဲ..။

"ဝမ်ဝမ်၊ချီချီ ဒယ်ဒီနဲ့စကားပြောရအောင်.."

"ပြောလေဒယ်ဒီ.."

ကလေးလေးနှစ်ယောက်ကြည့်လာသည်မှာ တကယ်ကိုတက်ကြွနေတဲ့မျက်ဝန်းများနှင့်ပင်။

ရှောင်းကျန့်သက်ပြင်းချကာ ဆက်ပြောလိုက်တယ်။

"ချီချီ နဲ့ဝမ်ဝမ်က .. အဲ့ဒီသခင်လေးဝမ်ကို သဘောကျတာကတော့ထားပါတော့..၊ဒါပေမယ့်ဒီလိုမျိုးသူ့ကိုခေါ်နေတာကမသင့်တော်ဘူးဆိုတာ သိကြရဲ့လား..ဟင်?"

သူတို့ဒယ်ဒီဆီမှာဒီအကြောင်းထပ်ကြရမှာသိသွားတဲ့ ကလေးလေးတွေက နှုတ်ခမ်းဆူတူတူနဲ့အဖြေပေးလိုက်ရှာသည်။

"ဘာလို့လဲ?မာမီကပြောခဲ့တယ်လေ! မာမီနဲ့ချီချီတို့ကမိသားစုတွေဖြစ်သွားပြီတဲ့!"

"မိသားစုတွေမှာ ကလေးတွေကိုချစ်ပြီးဂရုစိုက်ဖို့နဲ့စောင့်ရှောက်ဖို့က မိဘတွေတာဝန်လို့ ဝမ်ဝမ်ကျောင်းမှာကြားခဲ့တယ်! မာမီကဝမ်ဝမ်တို့ကိုအရမ်းချစ်တယ် ဂရုလည်းစိုက်တယ်လေ! အဲ့တာကြောင့်မာမီလည်းဝမ်ဝမ်တို့မိဘပဲဟုတ်ဘူးလား?"

"မတူဘူးလေဝမ်ဝမ်ရယ်.."

ရှောင်းကျန့်မှာ A to Z ပြန်ရှင်းပြဖို့ကြိုးစားမှရ‌မည့်ပုံပင်။

ဒါပေမယ့်ရှောင်းချီချီက သူ့အရင်ဆိုလာတယ်။

"ဘာလို့မတူရတာလဲဒယ်ဒီ?.. ချီချီတို့သူငယ်ချင်းတွေမှာလည်း ဒယ်ဒီရော မာမီရော ရှိကြတယ်! အရင်ကဆိုသူတို့က 'ချီချီနဲ့ဝမ်ဝမ်နင်တို့မာမီကိုတစ်ခါမှမတွေ့ဖူးဘူး! နင်တို့မာမီမရှိဘူးလား'ဆိုပြီး ခဏခဏမေးတယ်..၊ဟင့်..အခုမာမီကချီချီတို့မိသားစုဝင်ဖြစ်လာပြီကို! ဘာလို့..ဟင့်..ဘာလို့ဒီတိုင်းချီချီတို့မာမီဖြစ်လို့မရရမှာလဲ?ဟင့်.."

BEING A VAMPIRE's FAMILY OF THE ROYAL CLANWhere stories live. Discover now