💜26💜

2K 269 88
                                    

ပင်ပန်းလွန်းတဲ့သမီးလေးအတွက်
စိတ်နာခဲ့တဲ့စီးပွားရေးလောကကို
စတင်ဝင်ရောက်လာပြန်တဲ့ယိုနာအဖေက
ကိုယ်ပိုင်မလုပ်တော့ဘဲ ထယ်ယောင်းလက်အောက်မှာလုပ်လေပြီ~

"လေးနေမယ်ထင်တယ် ရလားနောနော~"

"ရတယ် ဘာမှမဖြစ်ဘူး ပိုးနေကျဘဲကို~"

ပထမဆုံးကျောင်းသွားရမယ့်ဂျောင်ကုက
သူ့သားလေးကိုပါခေါ်သွားမှာမို့ Bodyguardတွေအပြင်
ကလေးထိန်းတစ်ယောက်နဲ့အတူ ခေါက်ပုခက်ပါယူသွားဖို့လုပ်ရပြီ~

"ပိုးနေကျဆိုဘေမဲ့ အမြဲတမ်းကြီးပိုးမထားနဲ့နော်
အိပ်ရင်ပုခက်ထဲထည့်ပြီး စာသင်ချိန်ဆိုကလေးထိန်းကိုပေးထား~"

"ဟုတ်ကဲ့ပါဦးဦးရယ် စိတ်မပူပါနဲ့နော်~"

"သားသားကိုနို့တိုက်ရင် ပတ်ဝန်းကျင်ကိုနည်းနည်းကြည့်နော်အဲ့တာကိုထားပါ bodyguardတွေကိုပြောထားလိုက်မယ်~"

"ဦးဦးကတော့လုပ်ပြီ~"

အမြဲတမ်း အဲ့တာအတွက်စိုးရိမ်နေတဲ့ထယ်ယောင်းကြောင့်
သဘောကျမှုပေါင်းများစွာနဲ့ဂျောင်ကုပြုံးကာ
ခေါင်းတခါခါ~

"ကလေးနို့တိုက်ရတော့ ဗိုက်ခနခနဆာတယ်မဟုတ်လား
အွန့်..မုန့်ဖိုးများများယူထား စားချင်တာတွေအကုန်ဝယ်စား~"

"အများကြီးမလိုတာကို~"

"မလိုလဲယူထား~လိမ်လိမ်မာမာနေနော်သားသား
သားရဲ့မားမားစာသင်နေတဲ့အချိန်မငိုရဘူး..မွ~"

"သားသားကလိမ္မာပြီးသားပါနော်~"

"ဟုတ်ပါပြီ~နောနောလဲကရုစိုက်ဦးနော်
တစ်ခုခုဆိုကိုယ့်ကိုဖုန်းဆက်~"

"ဟုတ်ကဲ့~"

"ဒီနေ့တော့ ကျောင်းထဲထိကိုယ်လိုက်ပို့မယ်
ကျောင်းအုပ်နဲ့လဲပြောစရာရှိသေးလို့~"

"အဲ့တာကောင်းတယ် ကလေးထိန်းခေါ်တာနဲ့ပတ်သက်ပြီးလဲ
ပြောပေးဦး တော်ကြာအဆူခံနေရဦးမယ်~"

"အင်းပါ..မွ~"

ထယ်ယောင်းကဂျောင်ကုရဲ့ပါးမို့မို့လေးကိုနမ်းကာ
ကျောင်းကိုအတူလိုက်သွားပြီး ကျောင်းအုပ်နဲ့တွေ့ကာ
ပြောစရာရှိတာတွေပြောပြီးတာနဲ့ အတွန့်မတက်လာစေရန်
ငွေနဲ့ပိတ်ထားလိုက်တယ်။

Pretty boy{Complete}Where stories live. Discover now