𝐆𝐞𝐧𝐭𝐥𝐞 𝐛𝐨𝐲

165 27 3
                                    

Song recommend > Slut![Taylor Swift]

နီညိုရောင်နေဝင်ချိန်အလှကို ဟန်မြစ်ကမ်းဘေးကခုံတန်းလေးပေါ်ထိုင်ရင်း အသိမဲ့စွာ ထိုင်ကြည့်နေသူ။ မလှုပ်မယှက်ထိုင်နေတာ နာရီပိုင်းလောက်ရှိနေလေပြီ။ ဒီလိုအကြာကြီးထိုင်လို့ drama တွေ fiction တွေထဲကလို တစ်ယောက်ယောက်က လာပြီးကြိုတာတွေ သူ့ကိုအဖော်လာလုပ်ပေးတာမျိုးတော့မရှိ။ ဟုတ်သား။ ဘဝက ရုပ်ရှင်လိုမှမဟုတ်ပဲလေ။

ကိုယ့်အတွေးတွေးနဲ့ကိုယ် သဘောကျပြီး တစ်ချက်ရယ်ကာ လက်ထဲက ဆိုဂျူပုလင်းကို တစ်ကျိုက်မော့လိုက်သည်။
ခေါင်းကို ဘယ်ညာလှည့်ကာကြည့်လိုက်တော့ သူသူငါငါလမ်းလျှောက်နေကြတဲ့ စုံတွဲတွေ၊မိသားစုတွေ ပြီးတော့ သူ့လိုတစ်ကိုယ်တည်းသမားတွေအများကြီးကို တွေ့ရသည်။
အခက်အခဲများစွာနဲ့ ကျင်လည်နေရတဲ့ လူ့ဘဝမှာ ညနေပိုင်းလေးကအအေးချမ်းဆုံးပဲမလား။ တစ်နေကုန်ပင်ပန်းသမျှအတွက် အမောဖြေပြီး နောက်နေ့အတွက် အားတွေကြိုတင်စုဆောင်းထားရတဲ့အချိန်။ မိသားစုရှိတဲ့သူတွေကတော့ မိသားစုစုံစုံလင်လင်နဲ့ ထမင်းလက်စုံစားကြ၊ ဟာသတွေပြောပြီး ရယ်ကြမောကြပေါ့။

ဒါဆို သူကရော...။

သူ့လို မိသားစုမရှိ အပေါင်းအသင်းမရှိတဲ့ အလေအလွင့်တစ်ယောက်အတွက်တော့ ညနေခင်းဟာ အမြဲတမ်းအသက်မဲ့လျက်။ အထူးသဖြင့် ထိုကောင်လေး သူ့ဘဝထဲကထွက်သွားကတည်းက_မဟုတ်ဘူး...ထိုကောင်လေးကို သူ့ဘဝထဲကနေ နင်ထုတ်လိုက်ကတည်းက သူ့ဘဝရဲ့ နေ့ရက်တိုင်းဟာ အသက်မဲ့သွားခဲ့တာပင်။

သို့သော် ထိုအချင်းအရာကြောင့် နောင်တရခြင်းအမှုကို သူလုံးဝမခံစားမိပေ။
ထိုကောင်လေးနဲ့ သူရင်းနှီးခဲ့ဖူးတယ်ဆိုတဲ့အသိကပင် သူ့ကိုပြုံးအောင်လုပ်နိုင်သည်။ လုံးဝစိတ်ဓာတ်ကျပြီး အသက်ရှင်ချင်စိတ်ပျောက်ဆုံးနေချိန်မှာတောင် ထိုကောင်လေးရဲ့အကြောင်းတွေးလိုက်မိရင်ကို သူ့နှုတ်ခမ်းထက်ဝယ် အပြုံးများဖြစ်တည်လာကာ အလိုလိုပင်အင်အားရှိလာခဲ့သည်။

မှောင်တောင် မှောင်နေပြီပဲ။ လမ်းဘက်ကိုလှမ်းကြည့်လိုက်တော့ ဓာတ်မီးတိုင်တွေမှာတွေ မီးတွေလင်းနေပြီ။ နာရီပတ်လေ့မရှိတဲ့အကျင့်ကြောင့် ဖုန်းထဲကနာရီကိုသာကြည့်လိုက်သည်။ အချိန်ကား ည ၇ နာရီကိုမှ မိနစ်အနည်းငယ်စွန်းနေလေပြီ။

𝐆𝐞𝐧𝐭𝐥𝐞 𝐛𝐨𝐲Where stories live. Discover now