𝐆𝐞𝐧𝐭𝐥𝐞 𝐛𝐨𝐲

103 21 12
                                    

အိပ်ရာထက် ဟိုလူးဒီလိမ့်နှင့်အိပ်မရသည်မို့ စားပွဲတင်နာရီလေးကိုတစ်ချက်ကြည့်လိုက်တော့ အချိန်က 10:20 p.m.
ညတောင်နက်နေပြီပဲ။
ဒီနေ့ နေသိပ်မကောင်းတာနဲ့ Jung Kook က အလုပ်မလုပ်ပဲနားပါဟု ထပ်ခါထပ်ခါအမိန့်ပေးခဲ့ခြင်းကြောင့် သူတစ်နေကုန် အိမ်မှာသာ ဟိုလျှောက်ဒီလျှောက်နေခဲ့တာ။ ပုံမှန်ညတွေဆိုရင် ဒီအချိန်သူမအိပ်တတ်တာကြောင့် အခုလည်းအိပ်မရပဲဖြစ်နေသည်။

မျက်မှောင်တစ်ချက်ကျုံ့ပြီး နာရီဘေးက ဖုန်းကိုလှမ်းယူကာ *ပျင်းတယ်*ဆိုတဲ့ စာလုံးလေးရိုက်၍ Jung Kook ဆီ message ပို့လိုက်သည်။
တက္ကသိုလ်ကျောင်းသားလေး Jung Kook ကတော့ ဒီအချိန်အိပ်နေလောက်ပြီထင်ပါရဲ့။သို့သော်လည်း Jung Kook နိုးရင် သူ့စာကိုပြန်လောက်မှာပါဆိုပြီး ပို့ထားလိုက်ခြင်းသာ။

နှစ်ယောက်သားက ချစ်သူရည်းစားလည်းမဟုတ်၊သူငယ်ချင်းလည်းမဟုတ်တဲ့ ကိုးလိုးကန့်လန့်အခြေအနေမှာဖြစ်သည်။
Jung Kook က သူနဲ့တွဲဖို့ ခနခနပြောပေမဲ့ ထိုသို့ပြောတိုင်း အမြဲငြင်းနေမိသည်။ အကြောင်းရင်းက တစ်ခုတည်းသာ...
သူ့လို မသန့်ရှင်းတဲ့သူရဲ့ဘဝထဲ ဖြူစင်တဲ့ကောင်လေးကို မဖိတ်ခေါ်ချင်သလို ထိုကောင်လေးရဲ့ဘဝကိုလည်း သူ့ကြောင့် မညစ်စွန်းစေချင်လို့သာ။
သူ ကောင်လေးကို သဘောကျတယ်။ ကောင်လေးနဲ့အတူရှိနေရင် လုံခြုံတယ်လို့ခံစားရတယ်။ ကောင်လေးသူ့ကိုထွေးပွေ့လိုက်တဲ့အချိန်ဆိုရင် နွေးထွေးတယ်လို့ခံစားရတယ်။ ကောင်လေးက သူ့ကို ချစ်တယ် လို့ပြောရင် သူကြည်နူးတယ်။ ဒါပါပဲ။ ကောင်လေးအပေါ်ထားတဲ့ သူ့ရဲ့ခံစားချက်က ဒါ့အပြင်မပိုပါ။ ဒီနွေးထွေးမှုလေးကို အချစ်လို့ခေါင်းစဉ်မတပ်လို။

အချစ်ဆိုသည်ကား အရက်တစ်ခွက်လိုပင်...
စသောက်တုန်းမှာတော့ ထွေထွေထူးထူးမရှိသော်ငြားလည်း အတိုင်းအတာတစ်ခုထိရောက်လာရင်တော့ ခေါင်းမထောင်နိုင်အောင်ဖြစ်လာပြီး အလွန်အကျွံသောက်သုံးမိရင်တော့ အသည်းတစ်ခုလုံးရစရာမရှိအောင်ဖြစ်သွားတတ်ကာ ကျန်းမာရေးကိုထိခိုက်နိုင်တယ်။

အချစ်ဟူသည်လည်း ထိုနည်းလည်းကောင်းတိုင်းပင်။ ချစ်စ ခင်စမှာ ပျော်စရာကောင်းတယ်လို့ထင်ရပေမဲ့ တဖြည်းဖြည်းနဲ့ အလွန်အကျွံချစ်မိသွားရင်တော့ နှလုံးသားတစ်ခုလုံးလောင်ကျွမ်းပြီး ဘဝတစ်ခုလုံးကို ထိခိုက်စေနိုင်တယ်။

𝐆𝐞𝐧𝐭𝐥𝐞 𝐛𝐨𝐲Opowieści tętniące życiem. Odkryj je teraz