𝐆𝐞𝐧𝐭𝐥𝐞 𝐛𝐨𝐲

101 20 7
                                    

"မနေ့ညက အဆောင်မှာပြန်မအိပ်ဘူးလို့ အဆောင်မှူးကပြောတယ်၊ဟုတ်သလား..."

"ဟုတ်ပါတယ်..."

"မင်းကို အဆောင်မှာနေခိုင်းတာ အဲ့လိုစည်းကမ်းပျက်ဖို့မဟုတ်ဘူးလေ...၊အိမ်နဲ့ကျောင်းကဝေးလို့ ပြီးတော့ သူငယ်ချင်းတွေနဲ့လွတ်လွတ်လပ်လပ်နေချင်တယ်ဆိုလို့ မာမီက မင်းကိုလွှတ်ထားပေးတာ...၊မင်းဒီလို စည်းကမ်းချိုးဖောက်နေမယ်ဆိုရင် အိမ်မှာပြန်နေရလိမ့်မယ်..."

သူအကြောက်ဆုံးက ဒီစကားပါပင်။ ငယ်ငယ်ကတည်းက အိမ်ရဲ့လောင်းရိပ်ကနေ မထွက်နိုင်လို့ တက္ကသိုလ်ကျောင်းသားဘဝမှာတော့ လွတ်လပ်ပြီထင်နေတာ။ အခုချိန်ထိ သူဟာ လောင်းရိပ်အောက်မှာပါပဲ။

"ဟို...နောက်မလုပ်တော့ပါဘူး၊သား အဆောင်မှာပဲဆက်နေချင်တယ်"

"ကောင်းပြီ...ဒါနောက်ဆုံးအခွင့်အရေးပဲနော်...၊နောက်တစ်ခါဆို မာမီခွင့်မလွှတ်ဘူး မှတ်"

"ဟုတ်ကဲ့ မာမီ၊နောက်မဖြစ်စေရပါဘူး..."

မာမီက သူ့ရဲ့လက်ကိုင်အိတ်နဲ့ ကားသော့ကိုဆွဲပြီး အဆောင်ထဲကပြန်ထွက်ဖို့လုပ်ပ်တော့ သူလည်း မာမီ့ကို မတ်တပ်ရပ်ပြီး အရိုအသေပေးလိုက်သည်။

"ဪ ဒါနဲ့၊မနက်ဖြန် မနက်ကျရင် blind date အတွက် ပြင်ဆင်ထားနော်...၊ငြင်းမယ်စိတ်မကူးနဲ့..."

မာမီဟာ သူပြောချင်ရာပြောပြီးတာနဲ့ နောက်ကိုတစ်ချက်လှည့်မကြည့်ပဲ ထွက်သွားသည်။

မာမီထွက်သွားပြီးပေမယ့် ထွက်မသွားသေးတာက သူ့နားထဲက မာမီပြောတဲ့ blind date ဆိုတဲ့စကားသံ။
Jung Kook တစ်ယောက် စိတ်ရှုပ်စွာပင် couch ပေါ် ထိုင်ချကာ ဆံပင်များအား ဆွဲဖွမိတော့သည်။

အရင်ကလည်း အကြိမ်ကြိမ်ငြင်းခဲ့ပြီးပြီမို့ အခုထပ်ငြင်းရင် မာမီက သူ့ကိုအဆောင်မှာနေခွင့်ပြုတော့မှာမဟုတ်။ ဒါမှမဟုတ်လည်း သူသဘောကျတဲ့အရာတစ်ခုခုကို သူ့ဆီက ဆွဲထုတ်သွားတော့မှာ။

ဒီတစ်ခါတော့ ငြင်းမရတော့တာသေချာနေတာမို့ မနက်ဖြန်အတွက် ကြိုတင်ပြင်ဆင်ပြီး အစ်ကို့ဆီ သွားမလည်နိုင်ကြောင်း မက်ဆေ့ခ်ျ ပို့ထားရတော့မည်။

𝐆𝐞𝐧𝐭𝐥𝐞 𝐛𝐨𝐲Donde viven las historias. Descúbrelo ahora