Part-1

231 4 0
                                    

"သမီးရေနောက်ကျတော့မယ်မြန်မြန်ဆင်းလာခဲ့တော့လေကွယ်..ပထမဆုံးကျောင်းတတ်တယ့်အချိန်မှာနောက်ကျလို့မဖြစ်ဘူးလေ..."

"လာပါပြီမေမေရယ်‌ဖတ်စာအုပ်တွေထည့်နေလို့ပါမောနင်းဖေဖေနဲ့မေမေ"

"ငါ့သမီးလေးကကျောင်းသစ်မှာပထမဆုံးတတ်ရမှာ‌ဆိုတော့တတ်ကြွတယ့်ကြက်ဖဖြစ်နေပါလားဟ..."

"ဟီးအဲ့လိုလည်းမဟုတ်ပါဘူးဖေကြီးရယ်သမီးကအခုမှကိုယ်ပိုင်ကျောင်းကိုပြောင်းရတာလေသူငယ်ချင်းအသစ်တွေနဲ့တွေ့ရမှာဆိုတော့စိတ်လှုပ်ရှားနေလို့ဖေကြီး..."

"ဟုတ်ပါပြီကွယ်ကဲကဲစားစရာရှိတာမြန်မြန်စား..အော်ပြီးတော့ဖေကြီးမှာချင်တာလေးတွေရှ်ိတယ်"

"ဟုတ်ကဲ့ဖေကြီးပြောပါရှင့်"

"အခုသမီးတတ်မယ့်ကျောင်းကဖေကြီးနဲ့ရောမေကြီးနဲ့ရောအရမ်းခင်ရတယ့်မိတ်ဆွေကြီးရဲ့ကျောင်းမှာသမီးကိုထားတယ်ဆိုတာသမီးသိပြီးသားပါနော်...ဘာရယ်တော့မဟုတ်ပါဘူးစာကိုအကောင်းဆုံးကြိုးစားပြီလိမ္မာတယ်ဆိုတာပဲကြားချင်တယ်..ဘာဘာညာညာအသံတွေမကြားချင်ဘူး..ကြားလားသမီးမေ"

ဒါကတော့ကျောင်းစတတ်တိုင်းကြားနေရတယ့်ဖေဖေရဲ့အမှာတော်တွေပါပဲ...

"ဟုတ်ဖေကြီး..ဖေကြီးရောမေကြီးပါစိတ်မပျက်စေရပါဘူးလို့ကတိပေးပါတယ်..သမီးစာကြိုးစားမှာပါဖေကြီး"

"ဒါမှာဖေကြီးရဲ့သမီးကွ...စားပြီးရင်လည်းကျောင်းသွားကျမယ်လေနောက်ကျလို့ဘယ်ဖြစ်မလဲ..တို့သမီးကိုလည်းဟိုကောင်မင်းဇော်နဲ့လည်းမိတ်ဆက်ပေးရအုန်းမယ်လေမေကြီးရာ"

"ဟုတ်ပါပြီတော်..သမီးအတွက်မေမေထမင်းချိုင့်ထည့်ပေးလိုက်တယ်နော်..မတည့်တာ‌တွေလည်းမစားနဲ့ကြားလားမုန့်ဖိုးကိုလည်းကုန်အောင်မသုံးရဘူးနော်"

"ဟုတ်ကဲ့ပါမေမေအခုတော့သမီးကျောင်းသွားပြီနော်တာ့တာမေမေအားဝါး"

ကျောင်းကမေတို့အိမ်ကနေဆိုနာရီဝက်လောက်ကားမောင်းသွားရတယ်လေ...မေကအရင်တုန်းကအစိုးရကျောင်းတတ်ခဲ့တာအခု၉တန်းနှစ်မှာဖေဖေမိတ်ဆွေရဲ့အသိကျောင်းမှာထားတယ်လေဂုဏ်ထူးများများနဲ့အောင်အောင်လို့တယ့်လေ..
ဒီလိုနဲ့ကျောင်းရောက်တော့...

ချစ်ရတယ့်အကိုဆီသို့Where stories live. Discover now