Part-2

97 4 0
                                    

မုန့်ဈေးတန်းကိုမေ့နဲ့နေခြည်ကအရင်ရောက်နေကျတာပေါ့...

"မေ့နင်စားချင်တာရှိရင်ဝယ်စားနော်နင့်ကကျောင်းသူအသစ်ဆိုတော့ငါကဝယ်ကျွေးရမှာပေါ့.."

"ရပါတယ်နေခြည်ရယ်မေ့ကိုခင်ပေးတာနဲ့တင်မေကကျေးဇူးတင်နေပါပြီမေပဲဝယ်ကျွေးပါရစေနော်"

"မဟုတ်တာမေ့ကလည်းသူငယ်ချင်းအသစ်ရ
တယ့်အထိန်းအမှတ်အနေနဲ့ဝယ်ကျွေးတယ်လို့သတ်မှတ်လိုက်နော်"

နောက်ကရောက်လာတယ့်မေမီတို့က..

"ဟုတ်ပါတယ်မေကလည်းနေခြည်ကမေမီတို့ကိုတောင်ဝယ်ကျွေးတာမဟုတ်ဘူး..မေ့ဟုတ်လို့ဝယ်ကျွေးတာနော်မငြင်းနဲ့နေခြည်ကသူပေးတာတို့ကိုငြင်းရင်ကြိုက်တာမဟုတ်ဘူးမေရဲ့"

"ဟုတ်တယ်မေရဲ့ကျွန်တော်တို့တောင်နေခြည်နဲ့ခင်တာကြာပါပြီနေခြည်ကငြင်းရင်မကြိုက်ဘူး..သူကျေနပ်အောင်မုန့်ဝယ်ကျွေးတာကိုလက်ခံလိုက်ပါဗျာ..ကျွန်တော်တို့လည်းစားရတာပေါ့ဗျ"

"ဟုတ်တယ်မလားသန့်စင်.."

"အေးဟုတ်တယ်နေခြည်ပြောတာဆိုရင်လက်ခံလိုက်ပါမငြင်းပါနဲ့‌ဗျာ"

"ဟဲ့နင်တို့ကလေဘယ်တုန်းထဲကငတ်နေကျတာလဲတကယ်ပဲမေ့ကကျောင်းသူအသစ်လည်းဖြစ်တယ်ငါတို့ရဲ့သူငယ်ချင်းအသစ်လည်းဖြစ်တယ်လေအဲ့အတွက်ခင်မင်မှုအတွက်ဝယ်ကျွေးတာပါဟ..နင်တို့လို့အငတ်တိုင်းပြည်ကဟာတွေကိုမကျွေးဘူးဟဲ့"

နေခြည်ပြောလိုက်တော့ကျန်တယ့်သူငယ်ချင်း၄ယောက်ကမျက်နှာငယ်လေးတွေနဲ့

"ကဲပါဒီလိုလုပ်နေခြည်ကမေ့ကိုဝယ်ကျွေးကျန်တယ့်သူတွေကိုမေ့ကပြန်ဝယ်ကျွေးမယ်လေ‌ဟုတ်ပြီလားမျက်နှာကြီးတွေဆူပုတ်မနေနဲ့တော့နော်"

မေအဲ့လိုပြောလိုက်တော့မင်းမင်းကထအော်ပလေရော..

"ငါတို့တော့သူငယ်ချင်းကောင်းထပ်ရတာပဲဟေ့နော်ဟိန်းထက်‌"

"အေးကွာတစ်ချို့ဂျပုမတွေကတော့စောစောစီးစီးသူများသားသမီးကိုဘာမှမကျွေးဘဲပြေးခိုင်းရတယ်လို့ကွာ"

"ဟဲ့လောရှည်နင်တို့အခုလို့ပြေးလာလို့မုန့်စားရတာငါကြောင့်ပါနော်ငါသာနေခြည်တို့နောက်ကပြေးမလိုက်ခိုင်းရင်နင်တို့စားရဖို့ကအဝေးကြီးပဲကျေးဇူးမတင်ဖင်လှန်ပြတယ့်ဟာတွေတကယ်ပဲ"

ချစ်ရတယ့်အကိုဆီသို့Where stories live. Discover now