2.နှောင်း ပြန်လာပြီ

4 1 0
                                    


နှောင်း ထိုင်နေမိတာ ဘယ်လောက်ကြာသွားလည်းတောင် မသိဘူး ဖုန်းအဝင်ကောလ်တစ်ခုက နှောင့်ယှက်လိုက်မှ အသိစိတ်ပြန်ဝင်မိတယ်
ဖုန်းမျက်နှာပြင်မှာ ပေါ်နေတဲ.နာမည်က
" မေမေ " တဲ.

အလျင်မလိုပဲ ဖုန်းကိုဖြေလိုက်တယ်

" ဟယ်လို "

" သား နှောင်း မရောက်သေးဘူးလား မေမေတို.သားကို စောင့်နေတာ ကြာနေပြီ လမ်းမမှတ်မိလို. ကြာနေတာလား အဲ.တာကြောင့်လေဆိပ်မှာ လာကြိုပါ့မယ်ဆိုတာကို နှောင်းလေးက ကိုယ့်ဘာသာ ကားမောင်းလာချင်ရတယ်လို. မေမေ့ကို စိတ်ပူအောင်အရမ်းလုပ်တာပဲ "

ဖုန်းဖြေလိုက်တာနဲ. နှောင်း မေ့မေ့ရဲ.
စိတ်ပူတဲ.လေသံကို တန်းစီပြီး ကြားလိုက်ရ လို. စွံအသွားမိတယ်

နှောင်း ဒီမြို.ကနေထွက်သွားတာ အသက် 18 နှစ်ထဲက အခုဆို နှောင်းအသက် 23 နှစ် ရှိပြီ
5 နှစ်လောက်ကြာသွားပေမယ့် မြို.ကျဥ်းကျဥ်းလေးရဲ. လမ်းတွေကိုတော့ နှောင်း မှတ်မိပါသေးတယ်
ဒါပေမယ့်လည်းနှောင်း ပြုံးလိုက်မိသည်

နှောင်းတို.မိသားစုက လေးယောက်
မေမေ ရယ် ဖေဖေရယ် အကိုကြီးရယ် နှောင်းရယ်
မေမေက လက်လုပ်ပစ္စည်းလေးတွေ လက်ဆောင်ပစ္စည်းလေးတွေရောင်းတဲ. ဆိုင်လေးဖွင့်ထားပြီး ဒီမြို.လေးမှာတော့ နာမည်ကြီးပဲလေ
အဓိက ကတော့ dream catcher လေးတွေက ဆန်းသစ်ပြီး အရမ်းလှလို.ပါပဲ
မေမေ့ဆိုင်လေးက နှစ်ထပ်ကိုမှ အောက်ဘက်မှာ home made ဆိုင်လေးနဲ. အပေါ်ထပ်မှာတော့ coffee bar လေးဖွင့်ထားတယ်
လူမများပေမယ့် တိတ်ဆိတ်ပြီး အေးချမ်းလို. နာမည်ကြီးတယ် မေမေက ရှေးရိုးမဆန်ပဲ ခေတ်နဲ. အညီနေတတ်လို. အသက်လေးဆယ်ကျော်နေပေမယ့် နှစ်ဆယ်ကျော်လောက်ပဲထင်ရတယ်
သားတွေနဲ.ဆို မောင်နှမတွေလို.ပြောရင်ယုံနိူင်တယ် ခေတ်အရမ်းမဆန်ပဲ တည်ငြိမ်ပြီး အေးချမ်းတဲ. အလှတရားလေး နဲ. မေမေက သူ.အမွေတွေ နှောင်းကို အကုန်ပေးထားတယ်ထင်ပါရဲ.
ဖေဖေကတော့ မေ့မေ့ရဲ.ဆိုင်ဘေးမှာပဲ ဂီတာ ရောင်းတဲ. ဆိုင်လေးဖွင့်ထားတယ် ဂီတာနဲ.ဆိုင်တဲ. ပစ္စည်း တွေအစုံရသလို ကိုယ်တိုင်လည်း ဂီတာတွေကို ဖန်တီးတက်တဲ. လက်မှုပညာသည်တစ်ယောက် မေ့မေ့ဆိုင်ရဲ. Creation တွေက ဖေဖေ့ လက်နဲ. ကိုယ်တိုင်လုပ်ထားတာ
အသက် ငါးဆယ် ပြည့်ခါနီးပေမယ့်
ဖေဖေက အရပ်ရှည်ရှည် အသားညိုညို နဲ. အရမ်းခန်.တဲ. အမျိုးသားတစ်ယောက်
မေမေကတော့ ဖေဖေ့ရဲ. အသည်းအသက်ကလေးပေါ့ သားတွေကိုတောင်အဲ.လောက်မဟုတ်ဘူးမေမေ့က်ိိုကျ အရမ်းအလိုလိုက်တက်တာ နှောင်းတို. ငယ်ငယ်ထဲက
နှောင်းရဲ. အကိုကြီးကတော့ နှောင်းနဲ.5
နှစ်ကွာတယ် အကိုကြီးက နှောင်းကိုအမြဲကာကွယ်ပေးတက်သလို သူငယ််ချင်းလိုလည်း အမြဲရင်ဖွင့်တယ် နှောင်းအကြောင်းအကိုကြီးအကုန်သိသလို အကိုကြီးအကြောင်းလည်း နှောင်းအကုန်သိတယ် နှောင်းတို.ညီအကိုနှစ်ယောက်က အဲ.လောက်ထိ ရင်းနှီးကြတယ်
အကိုကြီး ကဖေဖေ့ဆီက နေ ညိုဝင်းနေတဲ. အသားအရေကို လက်ဆောင်ရထားပြီး ခန်.ညားချက်ကတော့ ဖေဖေ့သားလို.မပြောရဘူး မေမေနဲ. တူတဲ.နေရာဆိုလို. မျက်လုံးတစ်ခုတည်းရှိတယ် အညိုရောင်မျက်ဆံလေးနဲ.နှောင်းလိုပဲ

အကိုကြီးက ပါရဂူဘွဲ.ရထားပြီး နှောင်းတို.မြို.လေးမှာရှိတဲ. တက္ကသိုလ်မှာပဲ ပါမောက္ခလုပ်နေတယ် အထူးပြုကတော့စိတ်ပညာ

နှောင်းကတော့ အငယ်ဆုံးလေးမို. တစ်အိမ်လုံးရဲ.အချစ်တော်လေးပါ မေမေက သည်းသည်းလှုပ်ချစ်သလို ဖေဖေကလည်း မေမေ့စကားတစ်ခွန်းဆို တစ်ခွန်းပဲ အကိုကြီးကတော့ ညီလေး လိုချင်တာ ဘာဖြစ်ဖြစ် အကုန်ဖြစ်စေရမယ်ဆိုတဲ.လူမျိုး
အခုလည်း ရောက်ရမယ့်အချိန်ထက်နောက်ကျနေလို. စိတ်ပူနေကြပြန်တယ်

"သားမြို.အဝင်မှာ ရောက်နေပါပြီမေမေရဲ.
အခုမှပြန်ရောက်တော့ ခဏလောက် လျှောက်ကြည့်နေမိတာ "

" ရောက်နေရင်လည်း အိမ်ကိုအမြန်လာခဲ.တော့လေ သားရဲ. နောက်နေ.မှ သားအကိုကြီးကို ခေါ်ပြီး မြို.ထဲလျှောက်သွားကြပေါ့ ဟုတ်ပြီလား "

"ဟုတ် မေမေ သားအခုပဲ လာပါပြီ"

"မေမေတို.စောင့်နေမယ်နော် မြန်မြန် လာ"

"ဟုတ် "

နှောင်း ဖုန်းချလိုက်ကာ ကားဆီလျှောက်သွားလိုက်ပြီး ကားတံခါးကိုဖွင့်လိုက်တယ် လမ်းမထက်မှာစိန်ပန်းပြာတွေကြွေကျပြန်.ကျဲနေတာကို တစ်ချက်ကြည့်လိုက်ရင်း
နှောင်းနှုတ်ခမ်းထက်မှာ အပြုံးလေးတစ်ခု တွယ်ငြိလို. စကားလေးတစ်ခွန်း တိုးတိုးညည်းမိတယ်

'ငါ ပြန်လာပြီ ခွန်းးး'

You've reached the end of published parts.

⏰ Last updated: Mar 23 ⏰

Add this story to your Library to get notified about new parts!

မာနတရား၏အောက်၌ အချစ်ရှိသည် Where stories live. Discover now