အေးချမ်းတဲ.ပင်လယ်ကမ်းဘေးနားမှာရှိတဲ.မြို.လေး
ပင်လယ်ကမ်းရိုးကို ပတ်ပြီးဆောက်လုပ်ထားတဲ.ကွေ.ကောက်နေတဲ. ကားလမ်းရှည်ကြီးတွေ
တစ်ဖက်မှာက ကျောက်ဆောင်ကျောက်တန်းတွေကို ရိုက်ခတ်နေတဲ. လှ်ိုင်းခတ်သံတွေရယ် တစ်ဖက်မှာက တောင်ကုန်းတစ်လျှောက်ပေါက်နေတဲ. သစ်ပင်တန်းတွေရယ် မြို.ရဲ. ပြယုဒ်တစ်ခုဖြစ်တဲ. မီးပြတိုက်အိုကြီးရယ် မြို.လေးက သေးပေမယ့် သာယာတယ် အေးချမ်းတယ်။ကားလမ်းရှည်ကြီးတစ်လျှောက် မောင်းနှင်ပြီးလို. ညာဘက်လမ်းမကြီးဆီချိုးကွေ.လိုက်ရင်ပဲ မြို. ဝင်လမ်းရဲ. ဘေးတစ်ဖတ်တစ်ချက်ဆီမှာ စိန်ပန်းပြာတွေ လှပစွာဖူးပွင့်နေတာ မြင်လိုက်ရတယ် ဟိုးအရင်ငယ်ဘဝကိုတောင်ပြန်လွမ်းမိသား စိန်ပန်းပြာတွေခူးပေးခဲ.တဲ. မင်းရော ဒီမြို.လေးမှာရှိသေးရဲ.လား ခွန်း
အဖြူရောင်လက်ရှည်ပေါ်မှာ နို.နှစ်ရောင် ချိုင်းပြက် စွယ်တာလေးရယ် အညိုရောင် ဘောင်းဘီရှည်ဝတ်ပြီး အဖြူရောင် ရှူးဖိနပ် ကိုစီးထားတဲ. အရပ်ရှည်ရှည်အမျိုးသားတစ်ယောက်
ကားမောင်းနေတဲ. သူ.လက်လေးတွေက ရှည်သွယ်ပြီး သွေးကြောစိမ်းလေးတွေဖြာလို. ကားပြတင်းကဝင်ရောက်လာတဲ. လေနုလေးတွေကအမျိုးသားရဲ.နှဖူးပေါ်မှာဝဲကျနေတဲ. အနက်ရောင် ဆံနွယ်အိအိလေးတွေကို နူးနူးညံ့ညံ့လေးလှုပ်ခတ်သွားအောင်ကြည်စယ်နေတယ် ဆံစနုနုလေးတွေအောက်မှာရှိတဲ. အညိုရောင်မျက်စံလေးတွေနဲ.မျက်ဝန်းလှလှလေးတွေက အတိတ်ကအကြောင်းအရာတွေပြန်တွေးနေတယ်ထင်ပါရဲ.
လွမ်းမောမှုတွေအပြည့်နဲ. မိန်းကလေးလို လှပယုံတင်မဟုတ်ပါပဲယောက်ျားဆန်ခြင်းလေးတွေပါ ရောယှက်နေတဲ. အေးချမ်းတဲ.အသွင်အပြင်နဲ.အမျိုးသားလေးသူ.နာမည်က ရှင်း လွန် နှောင်းးး
နှောင်း ကားကိုလမ်းဘေးမှာချရပ်လိုက်ပြီး ကားပေါ်ကနေ ဆင်းလိုက်တယ် ဆိုရင်ပဲ လမ်းမထက်မှာပြန်.ကျဲနေတဲ. စိန်ပန်းပြာလေးတွေက လေပြေအဝေ.မှာ နှောင်းရဲ. ခြေတော်ရင်းမှာ ခစားဖို.အပြေးလေးဝင်ရောက်လာကြတယ် နှောင်း လက်တစ်ဖက်ကို ဘောင်းဘီအိတ်ကပ်ထဲထည့်ပြီး လမ်းမထက်မှာ ဖြည်းညှင်းစွာ လျှောက်လှမ်းရင်း စိန်ပန်းပြာတန်းတွေကို ငေးကြည့်နေမိတယ် တစ်ယောက်သောသူရော နှောင်းကိုမြင်ရင် မှတ်မိပါ့မလား သိချင်တယ် စိန်ပန်းပြာလေးတွေကတော့ မှတ်မိတယ်ထင်ပါရဲ.လမ်းမထက်မှာ
လေနဲ.အတူပျော်ပျော်ရွင်ရွင် ကခုန်နေကြတာ နှောင်းကိုပြန်လည်ကြိုဆိုနေကြသလိုပဲအရင်က အကြင်သူနဲ. အတူ ထိုင်နေကျ ခုံတန်းလေးဆီရောက်ခဲ.တော့ ဖြေးညည်းစွာထိုင်ချလိုက်မိတယ်
ဘောင်းဘီအိတ်ထဲက ဖုန်းကိုထုတ်လိုက်ပြီး နားထောင်ဖြစ်နေကြ သီချင်းအေးအေးလေးတစ်ပုဒ်ကို ခပ်တိုးတိုး ဖွင့်လိုက်မိတယ်
ခေါင်းကိုမော့လို. ကြွေကျနေတဲ. စိန်ပန်းပြာတွေကို လက်တစ်ဖက်နဲ. ဖမ်းဆုပ်ဖို.လုပ်မိပြန်တော့ လေအဝေ.မှာ ပြန်ပြီး ပြေးထွက်သွားပြန်လို. ဖမ်းဆုပ်ဖို.အခွင့်အရေးမရလိုက်ဘူး မင်းလိုပဲ ဖမ်းဆုပ်ရခက်တယ် ခွန်းးး
YOU ARE READING
မာနတရား၏အောက်၌ အချစ်ရှိသည်
Romanceအားလုံးကတော့ပြောကြတယ် အချို.ချစ်ခြင်းမေတ္တာတွေက အသွားရှိပေမယ့် အပြန်မရှိဘူးတဲ. ကျွန်တော့အချစ်အတွက်ရော မေတ္တာတရားတွေ တုံ.ပြန်မှုရှိပါ့ဦးမလား ခင်ဗျားရယ် နှောင်းဆိုတာ ခွန်းရသမှိုင်း ရဲ.မူပိုင် ...