Part 1

368 61 3
                                    

🦷🦷🦷

"ယန်းဂျောင်ဝန်း နင်အခုအခန်းထဲကထွက်မလား မထွက်ဘူးလား"

"မထွက်ဘူး မသွားဘူးလို့ဆိုနေမှပဲ"

"မသွားလို့ရမလား နင့်ပါးစပ်လည်းနင်ဖြဲကြည့်ဦးအကောင်းတိုင်းကျန်သေးလားလို့ စားလိုက်တဲ့အချို ကြိုက်လိုက်တဲ့ချောကလက် သွားပိုးစားလို့နာပြီးလာလာငိုတာနင်မဟုတ်ဘူးလား ထွက်ခဲ့စမ်းခု ငါသော့ဖွင့်ဝင်လာမှာနော်"

"သော့လည်းသားယူထားပြီးသား မားဝင်လာလို့မရဘူး"

"အော် နင်ကအဲ့လိုပေါ့လေ ရတယ် အပြင်မှာ နင့်မာအွန်းမီရှိတာပဲ နင်ထွက်မလာရင် ငါသူများပေးပစ်မှာ ဘယ်လိုလဲမထွက်သေးဘူးလား"

"မား!!!အဲ့လိုအကျင့်မပုတ်နဲ့လေဗျာ"

"ဟဲ့ ငါအဲ့လိုတွေလုပ်နေရတာဘယ်သူ့ကြောင့်မလို့လဲ ငါ့အတွက်လား နင့်အတွက်လား ငယ်ငယ်ထဲကသွားနှုတ်ရမှာကြောက်လို့ နင့်မှာကြီးသွားတွေမရှိဘဲ သေးနေတာလေ"

"..."

"အေးနင်ထွက်မလာဘူးပေါ့လေ ရတယ် အောက်ထပ်ကအကြီးမ မာအွန်းမီကိုသူ့လွယ်အိတ်ထဲလိုတာတွေထည့်ထားလိုက် ငါအခုပဲသူများအိမ်သွားပို့တော့မယ် မွေးချင်တယ်ပြောထားတဲ့လူရှိနေတာအတော်ပဲ"

"မား!!!!!"

အဲ့တော့မှသာဂျောင်ဝန်းကအခန်းထဲကနေဝုန်းဒိုင်းကြဲပြီးထွက်လာတော့သည်။

"ဘာလဲ အခုမှဘာထွက်လုပ်တာလဲ"

"သွားမယ် ခုသွားမယ်လာ"

"နင့်အင်္ကျီအရင်သွားလဲ ပေတိပေစုတ်နဲ့တော့ ငါအတူမသွားနိုင်ဘူး"

မာမားပြောတဲ့အခါ ဂျောင်ဝန်းကကိုယ့်ကိုယ်ကိုယ်ငုံ့ကြည့်မိသည်။ ဝက်ဝံရုပ်လေးတွေပါတဲ့ည
အိပ်ဝတ်စုံကစုတ်မနေပါဘူးနော်!

ဂျောင်ဝန်းကမားကိုဂျိုကြည့်ကြည့်ပြီးအဝတ်လဲဖို့သာဝင်ခဲ့လိုက်တော့သည်။

သူတို့သားအမိသုံးယောက်ကသားအမိဆိုတာထက် မောင်နှမတွေအတိုင်းပါပင်။ မမနဲ့မားဆို၁၈နှစ်ကွာပြီး ဂျောင်ဝန်းနဲ့ဆို၂၀သာကွာသည်။ ငယ်ငယ်လေးနဲ့ယောက်ျားယူပြီးသူတို့ကိုမွေးထားတဲ့မာမားကသူတို့နဲ့အပြိုင်ဆိုးနေသေးတယ်ဆိုပေမယ့် မိခင်တာဝန်လစ်ဟင်းခဲ့တာဘယ်တုန်းကမှမရှိခဲ့ပါ။

Oh My DentistWhere stories live. Discover now