Epilogue

463 66 7
                                    

🦷🦷🦷

"သွားကျိုးလေးပြန်လာပြီလား"

ဂျောင်ဝန်းအိမ်ထဲရောက်တာနဲ့စလာတဲ့ အမဖြစ်သူကိုမျက်စောင်းသာထိုးပြီး ထမင်းစားခန်းထဲကိုဝင်သွားတဲ့အခါ မမကနောက်ကလိုက်လာစည်။

"ကားသံကြားလိုက်တယ် ဘာနဲ့ပြန်လာတာလဲ လက်ထဲကရောဘာလဲ"

"ဒေါက်တာလိုက်ပို့တာ ဒါကဆန်ပြုတ် ငါ့အတွက်"

ဂျောင်ဝန်းကမေးလေးငေါ့ကာကြွားတော့ မမကပါးစပ်အဟောင်းသားကြီးနဲ့ဂျောင်ဝန်းကိုကြည့်လာခဲ့သည်။

"ပိုင်လှချည်လား ပြောပြော ဘာတွေဖြစ်ခဲ့သေးလဲ"

"မမရာငါ့မောင်လေးသွားနှုတ်တာနာလားတစ်ချက်မမေးဘဲ ဘာတွေလာမေးနေတာလဲ"

ဂျောင်ဝန်းကပါးစပ်မဟချင်ပါဘူးဆို သူ့အမရဲ့စသုံးလုံးလုပ်မှုကိုလည်းသည်းမခံချင်တော့ပါ။

"ဟဲ့ နင်သာအဆင်မပြေရင် မျက်ရည်လည်ရွဲနဲ့ပြန်လာမှာသိသားပဲ အခုအကောင်းကြီးဟာ ဘာမေးရဦးမှာလဲ"

"သိရင်လည်းပြီးရော ဒါပန်းကန်ထဲထည့်ပေးထား ပြီးရင်ပြန်လာယူမယ်"

ဂျောင်ဝန်းကဆန်ပြုတ်ဘူးလေးကိုမမလက်ထဲထည့်ခဲ့ကာအခန်းထဲဝင်လာခဲ့လိုက်တော့သည်။ ရေမိုးချိုးပြီးနောက်ဂျောင်ဝန်းကအင်္ကျီလဲဖို့တောင်နာရီဝက်နီးပါးရွေးလိုက်ရသည်။

အားလုံးပြီးစီးသွားတဲ့အခါ ဆန်ပြုတ်ပန်းကန်သွားယူတော့ မမကပြန်နွှေးပေးထားပြီးအပူခံပန်းကန်လေးနဲ့ထည့်ပေးထားတာမို့ အေးစက်စက်ကြီးသောက်စရာမလိုတော့ပါ။

အခန်းထဲကစားပွဲခုံလေးချပြီးအဆင်သင့်ပြင်ထားကာ ဒေါက်တာvideo callခေါ်လာမယ့်အချိန်ကိုသာစောင့်ရင်းမာအွန်းမီနဲ့ကစားနေလိုက်သည်။

Ting

'ကိုယ်လက်သန့်စင်ပြီးတဲ့အချိန်ကိုယ့်ကိုပြောနော် ဆေးသောက်ရမှာမို့အချိန်မလင့်ခင်စားမှဖြစ်မယ်'

You've reached the end of published parts.

⏰ Last updated: Mar 23 ⏰

Add this story to your Library to get notified about new parts!

Oh My DentistWhere stories live. Discover now