Part 2

332 62 10
                                    

🦷🦷🦷

"ဂျောင်ဝန်းရေ ဆေးခန်းကဖုန်းဆက်တယ် သွားစွပ်ဖို့မရသေးလို့ ဖာတာနဲ့နှုတ်တဲ့ကိစ္စအရင်လာလုပ်ရင်တော့ရမယ်တဲ့ နောက်မှတစ်ခါတည်းပေါင်းလုပ်မလား မားလည်းဒီနေ့သွားစရာရှိနေလို့"

မားစကားကိုကြားတဲ့အခါတီဗွီကြည့်ရင်းမုန့်စားနေတဲ့ဂျောင်ဝန်းကအပြေးလေးထလာခဲ့သည်။

"ဒီနေ့ပဲသွားလိုက်မယ်လေမား တစ်ခုပြီးလည်းတစ်ခုပေါ့ မပြီးတော့လည်း နောက် နှစ်ခါ သုံးခါ လေး ငါးခါ သွားလို့ရတာပဲကို"

ဂျောင်ဝန်းရဲ့မာမားကိုဂျောင်ဝန်းကိုထူးဆန်းနေသလိုကြည့်လာခဲ့သည်။ အရင်ကမသွားချင်လို့ပတ်ပြေးနေတာဘယ်သူလဲ။

"ငါ့သားကဆေးခန်းကြောက်တာမလား နောက်မှမားနဲ့အတူတစ်ခါတည်းလုပ်ကြမယ်လေ"

"မားမအားလို့မလား ရတယ်သားသွားတတ်တယ်လေ ဘတ်စ်စီးရင်လည်းတစ်ဆင့်တည်းနဲ့ရောက်တာ အဲ့နေ့တည်းကသားကြည့်ထားပြီးပြီ မားကိစ္စရှိရင်အေးဆေးသွားသိလား ရှင်းစရာတွက်လည်းမပူနဲ့သားမှာမားနဲ့ရှဲလ်လုပ်ထားတဲ့ကတ်ရှိတယ်လေ အဲ့တာနဲ့ရှင်းလိုက်မယ်"

မားကဂျောင်ဝန်းကိုမသင်္ကာသလိုကြည့်လာပြီး

"ယန်းဂျောင်ဝန်း မှန်မှန်ပြောစမ်း ဘာကိစ္စအဲ့လောက်တက်ကြွနေတာလဲ"

"ဘာကိစ္စရမှာလဲမားကလည်းသွားကိစ္စပဲပေါ့"

"မားရေမားရဲ့သားကအဲ့ဆေးခန်းကဆရာဝန်ကိုချိန်နေတာ အဲ့နေ့ပြန်လာပြီးတည်းကသမီးကိုအဲ့ဆရာဝန်အကြောင်းပဲ ပေါက်ပေါက်ထိုင်ဖောက်နေတာ နားတွေလည်းအူလှပြီ လွှတ်ရင်လည်းလွှတ်လိုက်တော့"

ဆိုဖာပေါ်လှဲကျန်ရစ်ခဲ့တဲ့အမလုပ်သူကလှမ်းချွန်တဲ့အခါ ဂျောင်ဝန်းကသူ့အမကိုကုန်းအော်တော့သည်။

"မမ!!!!!!နင်ဘာမဟုတ်တာတွေပြောနေတာလဲ မားအဲ့လိုမဟုတ်ပါဘူး သားသွားတွေကတစ်ရက်ကြာရင်လည်းတစ်ရက်နာလို့ပါ အာ့ အာ့ အမလေး ခုတောင်ပြောရင်းဆစ်ကနဲပါပဲ"

Oh My DentistWhere stories live. Discover now