Spring Breeze

325 53 2
                                    

အိမ်ရှေ့တံခါးပိတ်သံကို တိုးနိုင်သမျှ အတိုးဆုံးလျှော့ချပြီး ခပ်ဖွဖွလေးပိတ်လိုက်တဲ့ ယူဂျင်းက ထိုအသံ​၏စေ့စော်မှုကြောင့် ဖေဖေ့ကို မနိုးကြားသွားစေရန်ပင်။

"ဟန်ယူဂျင်း!"

ဧည့်ခန်းထဲက ထွက်လာတဲ့ ဩဇာသံ ခပ်ကျယ်ကျယ်ကြောင့် ယူဂျင်းရည်ရွယ်ချက်လေးကျရှုံးသွားရကြောင်း သိလိုက်ရချိန်မှာ ဂုတ်လေးပုဝင်မိသွားရသည်။

"ဖေဖေအားလုံးမြင်လိုက်တယ်
ယူဂျင်းကိုဖေဖေ ဒီကောင်လေးနဲ့ တွဲသွားတွဲလာလုပ်တာသဘောမကျဘူးလို့ အကြိမ်ကြိမ်သတိပေးဆုံးမခဲ့တာကို
ဒီအခြေနေထိ ဘယ်လိုဖြစ်ရတာလဲ"

တံခါးဘက်ကိုလှည့်နေတဲ့ ယူဂျင်းမျက်နှာတွေကို ဖေဖေ့ဆီ မျက်နှာချင်းဆိုင်လိုက်ရင်းပင်
"ဖေဖေ
ဒါကအရွယ်ရောက်ပြီးတဲ့ သားဖြစ်သူရဲ့ အချစ်ရေးကိစ္စပါ
ယူဂျင်းကမွေးကင်းစကလေးလေးလဲမဟုတ်တော့ဘူး"

ယူဂျင်းပြောစကားတွေကိုနားထောင်ပြီးတဲ့ ဖေဖေ မျက်နှာက ပိုလို့ပင် စိုးရိမ်မှုလွန်ကဲလာရမှန်းသိသာထင်ရှားလွန်းတယ်။
"ယူဂျင်းနာကျင်မှာကို ဖေဖေ မကြည့်နိုင်ဘူးနော်"

အရာရာကိုပေါ့ပေါ့ပါးပါး သဘောထားတတ်တဲ့ ဂယူ့ပုံစံကို ကြည့်ရင်း ယူဂျင်းဖေဖေ စိတ်ပူပန်ရတာလဲသဘာဝတကျရှိလွန်းလှသည်။ ပေါ့ပါးသည်ဆိုထက် လူကြီးမိဘများမျက်စိထဲတွင်တော့ ပေါ့ပျက်ပျက်နိုင်သည်လို့ ခေါင်းစဉ်တပ်ကြလောက်မည်။ ထိုသို့ အရာရာကို ပေါ့ပျက်ပျက်သဘောထားတတ်တဲ့ လူငယ်လေးတစ်ယောက်က တခြား တစ်ပါးသောသူရဲ့ နှလုံးသားကိုကော တန်ဖိုးထား ပေးပါ့မလား စသည်စသည် စိုးရိမ်သောက ရောက်နေသော သူများက ယူဂျင်းကို အကြိမ်ပေါင်းများစွာ တားဆီးကြသည့်တိုင် ဂယူ့ကိုယုံကြည်လက်ခံပေးနိုင်တဲ့ တစ်ဦးတည်းသောသူ က ယူဂျင်းဖြစ်နေစဲပင်။

"ကျွန်တော် ဂယူ့ကို ယုံကြည်တယ်ဖေဖေ
ကျွန်တော့် ကိုယ် ကျွန်တော်လဲ ယုံကြည်တယ်
ဖေဖေလဲ ယူဂျင်းကို အဲ့လိုမျိုးယုံကြည်ပေးထားဖို့ပဲ မျှော်လင့်ပါတယ်
အချိန်လဲနောက်ကျနေပြီ
သွားနားတော့မယ်"

Sour PeachWhere stories live. Discover now