ငါ့နာမည်က dh ငါအခု ပျော်ရွှင်နေတာလဲမဟုတ်ဘူး ဝမ်းနည်းနေတာလဲမဟုတ်ဘူး
ငါ့မျက်လုံးတွေကအမြဲလိုလိုအသက်မရှိတဲ့ပုံဖြစ်နေတာ
ဒီ..အသက်မဲ့တဲ့အကြည့်နဲ့အတူ ငါ့အကြောင်းလေးတစ်ချို့မင်းကိုပြောပြမယ်
ငါ့နှလုံးသားဟာ သာမန်တွေနဲ့မတူဘူး ထူးခြားတယ် မသိရင် စူပါ ပါဝါတွေရှိနေသလိုပဲ
ငါ့နှလုံးသားကို ငါလဲထိန်းချုပ်မနိုင်ဘူး
ဒီနှလုံးသားက အရမ်းတွေဖြစ်နေပြီးဆိုရင် ငါ့ခန္ဓာတစ်ခုလုံးကိုထိန်းချုပ်သွားတယ်ငါ့အသိစိတ် ကရော နှလုံးသားဆီကို ပါသွားတယ်ငါဟာ ရှူးသွပ်နေသလိုဖြစ်သွားးတယ်.......
ငါ့အသက်က18ပြည့်တော့မှာပါ
တခြား ငါ့အသက်အရွယ်တွေက ဒီချိန်မှာအချစ်ရေး နှလုံးသားရေးရာကိစ္စတွေနဲ့ တိုင်ပတ်နေကြတာငါ့မှာတော့ ငါက အမျိုးသမီးကိုစိတ်ဝင်စားလားအမျိုးသားကိုစိတ်ဝင်စားလားတောင်ငါမသိဘူး
ငါ့နှလုံးသားက ဘယ်လိုအခြေအနေပဲရောက်ရောက်ထူးထူးခြားခြားတုန်လှုပ်မှု့မရှိဘူး
ဘယ်လောက်တောင်တုန်လှုပ်မှု့မရှိလဲဆိုတာ ..
ငါငယ်ငယ်တုန်းက ငါ့လက်က တံခါးနဲ့ညပ်နေခဲ့တယ်သွေးတွေ တျောက်တျောက်တျောက်
တျောက်ကျတယ်ဒါမဲ့လဲငါ့အကြည့်တွေကအသက်မဲ့နေပြီးတော့ ငါ့နှလုံးသားမှာလဲ ထူးထူးခြားခြားမခံစားရဘူး
ဒါက ထူးဆန်းတယ်နော်
ဒါကိုငါသတိထားမိတော့
အမြင့်ပေါ်ကခုန်ချသေးတယ် ဒါပေမဲ့
ထူးထူးခြားခြားမခံစားရပါဘူးငါ့နှလုံးသားက ထူးဆန်းစွာတည်ငြိမ်နေခဲ့တယ်
သို့ပေမဲ့ ငါ့မှာ ထူးထူးဆန်းဆန်း ရင်ခုန်စိတ်လှုပ်ရှားရာတော့ ရှိနေခဲ့တယ် အဲ့ဒါကို ငါက အကျည်းတန်တဲ့အသည်းလေး လို့နာမည်ပေးထားတယ်
YOU ARE READING
DdHh
Fantasyအမ်း...ဇတ်.....လမ်းကတော့!!! (ဒါကrapလိုဖတ်) သွေးပျက်စရာများပါ Game showတွေ otherworld တွေ ကြားထဲမှာ အတော်လေးdark သဲငယ်ရင်မဖတ်နဲ့ ရွံတတ်ရင်မဖတ်နဲ့ အော်ဂလီဆန်သွား... လိမ့်မယ်..။ (ဒါကကဗျာလိုဖတ်) ကြိုက်ရင်တော့ ဖက်ကြည့် အန်ချင်ရင်တော့ မတတ်နိုင် မူး...