ဘာလိုလိုနဲ့ ကျောင်းတတ်ရမဲ့နေတောင်ရောက်တော့မှာပဲ
ငါ့ကတော့ အခုထိ အရင်လို မျက်လုံးသေတွေမဖြစ်တော့ဘူး ငါ့ပတ်ဝန်းကျင်ကိုလဲငါမြင်လာတယ် သိလာတယ် အရင်လိုမျိုးအတွေးတွေထဲမှာပဲအသိစိတ်ကရှိမနေတော့ဘူး အပြင်ကိုခုန်ထွက်လာတယ်။
ငှက်ကလေးတွေ ဖားကလေးတွေ ခွေးကလေးတွေ ကြောင်ကလေးတွေကိုလဲ
မြင်လာတယ်သဘာဝတရားကြီးကိုလဲ မြင်လာတယ်
ဪ .....ငါမသိတဲ့ကိစ္စတွေတယ်များသကိုး
ဒီသက်တန်းတစ်လျှောက်ငါ ဘာတွေများလုပ်လာခဲ့တာပါလိမ့်
လူ့လောကကြီးမှာ ပျော်ရွှင်စရာနဲ့ ဝမ်းနည်းစရာနှစ်ခုရှိတယ်ဆိုတာ ငါသိလာတယ်
အဲ့ဒါကိုတောင်မှ ရှုပ်ရှုပ်ရှက်ရှက်တွေကရှိသေးတယ် ဥပမာ
ပျော်ရွှင်လို့ ဝမ်းနည်းတာမျိုး
ဘာညာနဲ့ တွေးလေ နက်လေပဲ နားကိုမလည်နိုင်တော့ဘူး ဦးနှောက်တွေပေါက်ထွက်မလို့ပဲဘာလိုလိုနဲ့....လူသားတွေက အထီးနဲ့အမ ဆိုပြီးရှိကြတယ် ငါလဲလူသားပဲ ဒါမဲ့ အထီးလားအမလား ငါ့ကိုငါမသိဘူး
ငါ့ကိုယ်ငါ အထီးလို့တော့ထင်တာပဲ
ဒါမဲ့ တစ်ခါတစ်လေ အမ လို့ထင်ပြန်ရောဘာလို့လဲ ဆိုတော့ ငါ့မှာ ရင်သား ရော ဝှေးစေ့ ရောရှိမနေဘူးလေ.....
Eပါစရာ အပေါက်တောင်ရှိမနေဘူး
စားဖို့ ပါးစပ်ပေါက်ပဲပါတယ်
ရုပ်ကဝောာ့ မိန်းမချောလေးချောတာ..
ဆံပင် က ဂုတ်ဝဲနဲ့ ငါက ဆံပင်အမြဲချီထားတော့ ချလိုက်ရင် အောက်ဘက်က မြန့်ကြိုးလိမ်လိုပဲ
ငါ့ကိုယ်ငါ အထီးလားအမလား ခွဲခြားဖို့ ငါ့နှလုံးသားကိုတာဝန်ပေးတော့လဲ သူက အကြည်းတန်တဲ့အသည်းလေးကိုပဲ ရင်ခုန်နေတာ
ငါယောကျားကိုလဲမကြိုက်မိန်းမကိုလဲမကြိုက်နဲ့။ ဘယ်အမျိူးအစားကိုကြိုက်မှန်းလဲမသိတော့ ငါ့ကိုယ်ငါခွဲဖို့ကခက်တယ်
အကယ်၍ကြိုက်ခဲ့သည်ရှိသော်လဲ
လိင်တူ ချစ်ကြိုက်သူက အများအပြားရှိတာလေ ငါဘယ်အရာမဆိုတွေးလေနက်လေပါပဲ
YOU ARE READING
DdHh
Fantasyအမ်း...ဇတ်.....လမ်းကတော့!!! (ဒါကrapလိုဖတ်) သွေးပျက်စရာများပါ Game showတွေ otherworld တွေ ကြားထဲမှာ အတော်လေးdark သဲငယ်ရင်မဖတ်နဲ့ ရွံတတ်ရင်မဖတ်နဲ့ အော်ဂလီဆန်သွား... လိမ့်မယ်..။ (ဒါကကဗျာလိုဖတ်) ကြိုက်ရင်တော့ ဖက်ကြည့် အန်ချင်ရင်တော့ မတတ်နိုင် မူး...